NEWS

မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

CoverLogo
1.4K Views

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန လုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ တွင် မတ်လ၂၆ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့တယ်လို့ အနီးနားနေထိုင်သူများထံက သိရပါတယ်။

 

၎င်းရုံးအတွင်း လုပ်သားများစာချုပ်ချုပ်ရာနေရာ နဲ့ ပြည်ပအလုပ်အကိုင် လုပ်သားသက်သေခံကတ်ပြား လုပ်ပေးရာရုံးအနီး မှာ ပေါက်ကွဲမူဖြစ်တယ်လို့ နီးစပ်သူတွေကပြောကြားပါတယ်။

 

"မနက် ၆နာရီလောက် ပေါက်တာ အသံအတော်လေးကျယ်တယ်။ OWICကတ် ရိုက်ပေးတဲ့ရုံးနားလို့ ကြားတယ်။ ထိခိုက်ဘာညာရှိတယ်တော့ မသိရသေးဘူး။ အခုနေ့လည်ပိုင်းတော့ ကိုရီးယားသင်တန်းသားတွေ သင်တန်းကျောင်းထဲ အဝင် ထွက်တော့ လုပ်နေကျတာပဲ  "လို့ အနီးနားနေသူတစ်ဦးကပြောပါတယ်။

 

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက  ပြည်ပထွက်ခွာမယ့် လုပ်သားများနှင့် ပို့ဆောင်ပေးတဲ့လိုင်စင်ရအေဂျင်စီတွေကို အကြောင်းအမျိုးမျိုး မူဝါဒအမျိုးမျိုးနဲ့ ကန့်သက်ပိတ်ပင်မှု တွေပြုလုပ်နေသည့်အတွက် ပြည်ပထွက်ခွာမယ့်လုပ်သားတွေနဲ့ အေဂျင်စီတွေမှာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

"အခုဗုံးပေါက်တာ စစ်ကောင်စီက လုပ်တာလဲ ဖြစ်နိုင်တယ်။ မအလ က မနက်ကလူငယ်တွေကို  ပြည်တွင်း မှာ အလုပ်လုပ်ဖို့  ပြောထားတာနဲ့ တိုက်ဆိုင်နေတယ် " လို့ မြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

 

အခုလို ဗုံးပေါက်ကွဲမှုအကြောင်း ပြပြီး ပြည်ပလုပ်သား ထွက်ခွာမှု ကို ပိုပြီး ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ်လာမှာကိုလည်း လုပ်သားများက စိုးရိမ်လျက်ရှိပါတယ်။

 

ယခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပက်သက်ပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်တယ် ဆိုတာကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026