NEWS

မြဝတီတွင် ငွေလဲလုပ်ကိုင်သူများ ဖမ်းဆီးခံရပြီးနောက် ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေး

CoverLogo
1.7K Views

မြဝတီမြို့က ထိုင်း/ မြန်မာ တစ်နိုင်တစ်ပိုင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီတပ်နဲ့ ရဲက ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ် ပေးတာမျိုး မရှိသေးဘူးလို့  မရှိသေးဘူးလို့ သိရပါတယ်။

သြဂုတ်လ (၁၃)ရက်နေ့ကတည်းက မြဝတီမြို့ အမှတ် (၃)ရပ်ကွက် ကြံခင်းလမ်းနဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးက ငွေလဲလှဲသူတွေကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးသွားတာပါ။

ထိုင်း- မြန်မာနယ်စပ်မှာ အခုရက်ပိုင်းအ တွင်း မြန်မာငွေတန်ဘိုး အဆမတန်ကျဆင်းနေပြီး ငွေလဲတဲ့ ဈေးနှုန်းကလည်း မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၂၉၀ ခန့်သာရှိတော့တယ်လို့ သိရပါတယ်။

" ၃၅ နှစ်ကာလအတွင်း ဒီလိုမျိုးဖမ်းတာ ပထမဆုံးအ ကြိမ်ဘဲ အရင်ကမရှိခဲ့ဘူး အဲ့ဒီနေ့ဖမ်းသွားတာ ၁၀ ဦးကျော်တယ် " လို့ ဒေသခံက ပြောပါတယ်။

ဒီအပြင် ငွေတွေကိုလည်း သိမ်းယူသွားခဲ့သလို အမှတ် (၁) ချစ်ကြည်ရေးနယ်စပ် တံတားအနီးက ငွေလဲခုံများကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းဖမ်းဆီးသူများကို ယနေ့အချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“စနေနေ့ညကပေါ့ ရဲတွေဝင်ဖမ်းတာ။ ဘာသတင်းမှမကြားဘဲနဲ့ ဝင်ဖမ်းတာဆိုတော့ မိသွားတာများတာပေါ့ ဝင်ဖမ်းတဲ့နေ့က ဆိုင်ခုံမဖွင့်ဖြစ်လို့လွတ်သွားတာ ဒိုင်ကြီးတွေကိုပဲ ဖမ်းသွားကြတာ ”။လို့ ငွေလဲ လုပ်ကိုင်သူတစ်ဦးကပြောဆိုပါတယ်။

ယခုလို ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး မြန်မာကျပ်ငွေ စျေး အဆမတန် ထိုးကျခဲ့တဲ့အ ပေါ် တစ်စုံတစ်ရာတုန့်ပြန်လိုတဲ့ ရည် ရွယ်ချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ မြို့ခံတစ်ဦးက သုံးသပ် ပြောဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်ကျော်နောက်ပိုင်း နိုင်ငံအတွင်း နိုင်ငံခြားငွေစျေး အမေရိကန် တစ်ဒေါ်လာကို မြန် မာကျပ်ငွေ ၃,၀၀၀ အထိ ရှိလာတဲ့အပြင် ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာငွေ ၈၀ ကျပ်နှုန်းအထိဖြစ်လာတာကြောင့်  အ လုပ်လက်မဲ့ ဦးရေများလည်း ပိုတိုးလာခဲ့ပါတယ်။

မြ၀တီမြို့မှာ  ငွေလဲခုံလုပ်ကိုင်နေသူများကို ဖမ်းဆီးသွားတဲ့ နောက်ကွယ်မှာ အ ကြောင်းအရာတွေ ရှိနိုင်တယ်လို့ ဒေသခံတွေမှာ ထင်မြင်ချက် အမျိုးမျိုး ရှိနေတယ်လို့ သိရပါတယ်။

MyanmarLabourNews

 


Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026