NEWS

မြန်မာ့အရေး ဆွေးနွေးမှု ထောက်ခံသည့် ဆန္ဒပြပွဲတွင် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များ အမှာစကားပြောကြား

CoverLogo
207 Views
 
ILO ရဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) ၁၁၃ ကြိမ်မြောက် ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
 
ILC ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံဖို့နဲ့ စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေး အတွက် တက်ရောက်နေတာလို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ စစ်ကောင်စီက လေယာဉ်ကြောင်းက ဗုံးကြဲ တိုက်ခိုက်တာ စတဲ့ အကြမ်းဖက်ကျူးလွန်နေမှုတွေ အတွက် ILC ကနေ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပိတ်ဆို့အရေးယူဖို့ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်တွေက ဆွေးနွေးတင်ပြ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒီကနေ့မှာလည်း ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ Broken Chair မှာ မြန်မာ့အရေးကို စုပေါင်းဆွေးနွေးမှုကို ထောက်ခံသည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ နိုင်ငံအသီးသီးက ညီလာခံ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
 
ဆန္ဒပြပွဲမှာ စစ်ကောင်စီကို အရေးယူရေး ဆက်လက်ဆောင်ရွက်ဖို့ ၊ စစ်ကောင်စီအပေါ် Article 33 အရ အရေးယူနိုင်ရေး ညီလာခံကိုယ်စားလှယ်တွေက မြန်မာပြည်သူနှင့်အတူတူ ရပ်တည်ရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

Related posts

Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 05, 2025
Cover
ဥပဒေမဲ့ စက်ရုံပိတ်သိမ်းမှုအပေါ် Xin Rui အထည်ချုပ်လုပ်သားများ စိုးရိမ်တကြီး တောင်းဆို
Oct 03, 2025