NEWS

မြန်မာ့အရေး ဆွေးနွေးမှု ထောက်ခံသည့် ဆန္ဒပြပွဲတွင် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များ အမှာစကားပြောကြား

CoverLogo
434 Views
 
ILO ရဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) ၁၁၃ ကြိမ်မြောက် ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
 
ILC ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံဖို့နဲ့ စစ်အုပ်စုကို စီးပွားရေးအရ အရေးယူနိုင်ရေး အတွက် တက်ရောက်နေတာလို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ စစ်ကောင်စီက လေယာဉ်ကြောင်းက ဗုံးကြဲ တိုက်ခိုက်တာ စတဲ့ အကြမ်းဖက်ကျူးလွန်နေမှုတွေ အတွက် ILC ကနေ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပိတ်ဆို့အရေးယူဖို့ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်တွေက ဆွေးနွေးတင်ပြ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒီကနေ့မှာလည်း ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ Broken Chair မှာ မြန်မာ့အရေးကို စုပေါင်းဆွေးနွေးမှုကို ထောက်ခံသည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ နိုင်ငံအသီးသီးက ညီလာခံ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
 
ဆန္ဒပြပွဲမှာ စစ်ကောင်စီကို အရေးယူရေး ဆက်လက်ဆောင်ရွက်ဖို့ ၊ စစ်ကောင်စီအပေါ် Article 33 အရ အရေးယူနိုင်ရေး ညီလာခံကိုယ်စားလှယ်တွေက မြန်မာပြည်သူနှင့်အတူတူ ရပ်တည်ရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026