NEWS

မြန်မာအလုပ်သမား၂၀၀ကို ထိုင်းအာဏာပိုင်တွေ စစ်ကောင်စီထံပြန်ပို့

CoverLogo
367 Views

ထိုင်းနိုင်ငံ တောင်းပိုင်းမှာ အကြောင်းအမျိုးမျိုး ကြောင့်  ပြစ်ဒဏ် ကျခံ ပြီးတဲ့ မြန်မာအလုပ်သမား၂၀၀ ကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ ဖေဖေါ်ဝါရီ ၂၄ရက် နေ့မှာ ပြန်ပို့ပေးခဲ့တယ်လို့ ရနောင်းလဝကရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

 

အမျိုးသား ၁၉၈ ဦးနဲ့ အမျိုးသမီး ၂ဦး တို့ ကို ရနောင်းထိန်းသိမ်းရေးစခန်း ကနေ ပြန်လွှတိပေးခဲ့ပြီး ရနောင်း လှေဆိပ်မှ မြန်မာပြည်ဘက် ကော့သောင်းဘက်ကို စက်လှေများ ဖြင့် ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

 

မြန်မာပြည်တွင်း စစ်မှုထမ်း ဖို့ အတွက် အတင်းအဓမ္မ လူစုစောင်းချိန်မှာ အခုလို ပြစ်ဒဏ်ကျခံပြီးတဲ့ လုပ်သားတွေ ကို စစ်ကောင်စီရဲ့ ဝန်ထမ်းတွေ ထံ ထိုင်းအစိုးရ က ပြန်လည်ပေးပို့တဲ့ အပေါ် ဝေဖန်မှု တွေရှိသလို ပြန်လွှတ်လာသူတွေ ဘေးကင်းစွာနဲ့ မိမိ မိသားစုထံ ရောက်ရှိဖို့ လည်းဆုတောင်းပေးသူတွေလည်း ရှိနေပါတယ်။ 

 

"အရင် ပြစ်ဒဏ်ကျခံပြီး လို့ ပြန်လွတ်တဲ့ သူတွေ ကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေ ရှိတယ်ဆိုတာ ကိုယ်တွေ့ကြုံရသူတွေရဲ့ ပြောစကားတွေ သတင်းမီဒီယာတွေ ရဲ့ဖေါ်ပြချက်တွေ မှာ မြင်တွေ့နေရတာပဲ 

ထိုင်းက တတ်ကြွလှုပ်ရှား သူတွေကလည်း ပြစ်ဒဏ်ကျခံရပြီးတဲ့ မြန်မာနိုင်ငံသားတွေ ကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကိုတိုက်တွန်းတာတွေရှိနေပေမယ့် အခု စကစ လက်ထဲ ထည့်ပေးလိုက်တယ် ကျွန်တော်တို့ လုပ်သားထု အနေနဲ့ ကတော့ အခုလုပ်ရပ်အပေါ် ကန့်ကွက်တယ် ပြန်ပို့ခံရတဲ့ လူ၂၀၀ လည်း ဘေးကင်းပါစေ ပဲ ဆုတောင်းပေးနေယုံပေါ့""လို့ ရနောင်းရှိ မြန်မာအလုပ်သမား တစ်ဦးကပြောပါတယ်။ 

 

လက်ရှိမှာလည်း ပြည်တွင်းမှာနိုင်ငံရေးစားဝတ်နေရေးအခြေနေနဲ့ စစ်မှုထမ်း ခေါ်ဆောင် မှု ကိုရှောင်ရှား ဖို့  အတွက် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်း နိုင်ငံ အတွင်း တရားမဝင် သွားရောက်သူ များ လာသလို ဖမ်းဆီးခံရတာတွေ လည်း နေ့စဉ် ဖြစ်ပေါ်လျက်ရှိပါတယ်။ 

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026