NEWS

မြန်မာအလုပ်သမားဇနီးမောင်နှံ ထိုင်းထီ အမြင့်ဆုံး ဘတ် ၆ သန်းဆု ရရှိ

CoverLogo
404 Views
 
၂၀၂၅ ခုနှစ်ရဲ့ပထမလ မှာပဲ မြန်မာအလုပ်သမားဇနီးမောင်နှံ ဟာ ထိုင်းထီ အမြင့်ဆုံး ဘတ်၆သန်းဆု ပေါက်ကာ ရရှိခဲ့တယ်လို့ ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဖရပဒဲင်မြို့နယ်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၅၅၈၇၀၀ ဂဏန်းနဲ့ ဘတ် ၆ သန်းဆု ပေါက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ထီဆု ငွေ ထုတ်ဖို့ အတွက် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး မှ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် M.H.A.C မဟာမိတ် အဖွဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ပြီး ကာယကံရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကို ပေးအပ် ခဲ့တယ်လို့ ဆိုပါတယ်။
 
ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့အနေ နဲ့ ထိုင်းအစိုးရရဲ့ ထီအမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက် ခဲ့တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ဆုငွေထုတ်ယူဖို့ အတွက် လိုက်ပါကူညီဆောင်ရွက် ပေးခဲ့တာ မှာ ယခု အကြိမ် အပါအဝင် ၅၆ဦး ရှိပြီ ဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့ ထံ မှသိရပါတယ်။

Related posts

Cover
ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ
Oct 24, 2025
Cover
မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ
Oct 23, 2025
Cover
ပဲခူးတိုင်းမှ လာရောက်သည့် မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Oct 23, 2025
Cover
အထောက်အထားမဲ့ မြန်မာလုပ်သားတင်ဆောင်လာသည့်ယာဉ် ဓါတ်တိုင် ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါသူများ အဖမ်းခံရ
Oct 22, 2025
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား၆၀ကျော် ကို နေရပ်ပြန်ပို့
Oct 22, 2025
Cover
မလေးရှားတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အသွားဂရုစိုက်ရန်သတိပေး
Oct 22, 2025
Cover
နိုင်ငံကူးလက်မှတ် အတု ဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၃ ဦးကိုထိုင်းရဲဖမ်းဆီး
Oct 21, 2025
Cover
ထိုင်းလဝက တံဆိပ်ခေါင်းအတုများ ပြုလုပ်ရောင်းချနေသောမြန်မာပွဲစားတစ်ဦးအဖမ်းခံရ
Oct 21, 2025