NEWS

မြန်မာအလုပ်သမားခေါ်ယူမှု အပေါ်စိစစ်ရန် အလုပ်ကိုင်အေဂျင်စီများကို စင်္ကာပူအစိုးရသတိပေး

CoverLogo
576 Views
 
မြန်မာပြည်တွင်း ဖြစ်ပေါ်နေတဲ့ အခြေနေတွေ ကြောင့် မြန်မာလုပ်သားခေါ်ယူတာမှာ ကြန့်ကြာမှုတွေ ရှိနေတဲ့ အတွက် အလုပ်အကိုင်ရှာဖွေတဲ့ အေဂျင်စီတွေ အနေနဲ့ ပြန်စိစစ်ဖို့ စင်္ကာပူအစိုးရ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအလုပ်သမားတွေကိုခေါ်ယူတာမှာ Travel difficult ခရီးသွားလာမှုဆိုင်ရာ ကန့်သက်ချက်တွေ စစ်မှုထမ်းဥပဒေ သက်ရောက်မှုတွေ နဲ့ အခြား နိုင်ငံရေးအခြေနေတွေကြောင့် ကြန့်ကြာမှု တွေ ဖြစ်နေတဲ့အပေါ် အလုပ်အကိုင်အေဂျင်စီ တွေ အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့ အတွက် နိုင်ငံခြားသားလုပ်သား ခေါ်ယူဖို့ ခွင့်ပြုပေးထားတဲ့ အခြားနိုင်ငံ တွေမှ လုပ်သားတွေ ကိုလည်းခေါ်ယူနိုင်တယ်လို့ စင်္ကာပူ အစိုးရက အကြံပြုထားပါတယ်။
"အခု ကြေညာချက်က မြန်မာဘက်က စစ်မှုထမ်းဥပဒေ အသက်ကန့်သက်ချက်တွေ ခရီးသွားလာရေး အခက်ခဲ တွေ ကြောင့် မြန်မာလုပ်သားကို စင်္ကာပူဘက်က ခေါ်ယူတဲ့အခါ ကြန့်ကြာတာတွေ ဖြစ်နေတော့ မြန်မာနေရာမှာ အခြားနိုင်ငံက လုပ်သားလည်းခေါ်လို့ရတယ်ဆိုတာကို စင်္ကာပူအစိုးရက သူတို့အေဂျင်စီတွေကို အသိပေးတဲ့စာထုတ်တာပါ တချို့ကလည်း စင်္ကာပူရောက်နေတဲ့ မြန်မာလုပ်သားတွေ နေထိုင်မှုစည်းကမ်းမရှိသူ များလာလို့ တစ်ဖက်လှည့်နဲ့ စင်္ကာပူအစိုးရက မြန်မာလုပ်သားမခေါ်ဖို့ ဆိုလိုတယ်လို့ ပြောကြတာလဲ ရှိတယ် ဒါလည်းဖြစ်နိုင်တာပဲလေ အခုလိုစာထွက်လာတဲ့ အတွက် စင်္ကာပူ အနေနဲ့ မြန်မာအလုပ်သမားခေါ်ယူမှု နှုန်းထားကတော့ လျော့ကျသွားမယ်လို့ထင်ပါတယ်""လို့ လိုင်စင်ရအေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားပါတယ်။
စင်္ကာပူနိုင်ငံ မှာမြန်မာအလုပ်သမား သိန်းချီရှိပြီးအိမ်အကူအနေနဲ့ လုပ်ကိုင်သူတွေရှိသလို အထွေထွေလုပ်သားအနေနဲ့ လုပ်ကိုင်သူတွေလည်းရှိပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စင်္ကာပူနိုင်ငံ ကို အလုပ်သွားရောက်လုပ်ကိုင် သူပိုမိုများပြားလာကာ စင်္ကာပူ နိုင်ငံသား အဖြစ် ပြောင်းလဲလျှောက်ထားတဲ့ မြန်မာနိုင်ငံသား တွေလည်း ပိုမိုများလာပြီး ၂၀၂၄ ခုနှစ် တစ်နှစ် အတွင်း တင် ၃၀၀ ခန့်ရှိတယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026