NEWS

မြန်မာအလုပ်သမား ၄၀ ထံ မှ ထိုင်းဘတ်ငွေ ၁၄ သိန်းကျော်ကို အမျိုးသမီးတစ်ဦးက လိမ်လည်ပြီးထွက်ပြေးဟုဆို

CoverLogo
431 Views
ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင် ဆာလာပူရီမြို့ရှိ ကြက်သားစက်ရုံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၀ဦး ထံ မှ ယင်းစက်ရုံ က ခန့်ထားသော စကားပြန် ဖြစ်သူ မြန်မာ အမျိုးသမီး တစ်ဦးက ထိုင်းဘတ်ငွေ ၁၄ သိန်း ကျော်ကို လိမ်လည် ထွက်ပြေးသွားတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံက သိရပါတယ်။
စကားပြန်ဖြစ်သူ မ----- ဆိုသူ က အလုပ်သမား များ ကို အလုပ်စမတ်(အလုပ်လျှောက်)ပေးမယ် စာရွက်စာတမ်း လုပ်ပေးမယ်ဆိုကာအလုပ်သမားတစ်ဦး ကို ထိုင်းဘတ် ငွေ ၂၅၀၀၀ ဖြင့် စုစုပေါင်း ဘတ်ငွေ ၁၀ သိန်း ကို လိမ်လည် သွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ တစ်လစာ လုပ်အားခ တစ်ဦး ကို ဘတ် ၁၁၀၀၀ နှုန်း နဲ့ အယောက် ၄၀စာ ဘတ် ၄၄၀၀၀၀ ကိုလည်း ယူသွားကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
"ဘတ် ၁၄၄၀၀၀၀ ကို လိမ်ယူပြီး ထိုင်းနိုင်ငံ အတွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရတယ် အလုပ်သမားတွေရဲ့ ချွေးနဲစာ ကို လိမ်ယူပြီး ထွက်ပြေးတဲ့ မအေးငြိမ်းဇင်ကို တွေ့ရှိ ရင် လာရောက် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လိမ်လည်ပြေးသူရဲ့ ဇာတိမှာ မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မြန်မာလုပ်သား၂၀ ကျော်ရဲ့ တစ်နှစ်စာလုပ်ခ ဘတ်တစ်သန်းကျော် ရလိုမှု အဆင်ပြေ (ရုပ်သံသတင်း)
Oct 14, 2025
Cover
ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
လာအိုနိုင်ငံ၊ TIAN TAI စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
အလုပ်သမားများကိုလာကြိုသည့်ယာဉ် မှ အရှိန်လွန်ပြီးဝင်တိုက်သဖြင့် မြန်မာလုပ်သား၁ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
Oct 14, 2025
Cover
မြန်မာလုပ်သား၂၀ ကျော်ရဲ့ တစ်နှစ်စာလုပ်ခ ဘတ်တစ်သန်းကျော် ရလိုမှု အဆင်ပြေ
Oct 14, 2025
Cover
ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ
Oct 14, 2025
Cover
လာအိုနိုင်ငံ၊ TIAN TAI စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
Oct 14, 2025
Cover
မလေးရှားတွင် အလုပ်ရှာပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံလိမ်ယူပြီး မြန်မာလုပ်သား၂ ဦးကို လမ်းဘေးတွင်ပစ်သွား (ရုပ်သံသတင်း)
Oct 13, 2025