NEWS

မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ငွေလိမ်သွားသည့်ထိုင်းအမျိုးသမီး ၂ ဦးကို ဖမ်းမိ

CoverLogo
357 Views

ထိုင်းရောက်မြန်မာအလုပ်သမား ၃၀၀ ကျော် ကို အလုပ်ပေးမယ်ဆိုကာ ငွေလိမ်လည် သွားတဲ့ ထိုင်းအမျိုးသမီး ၂ဦး ကိုထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပေမယ့် ငွေအလိမ်ခံရတဲ့ အလုပ်သမားတွေ အနေနဲ့ ငွေပြန်ရနိုင်မယ့် အနေထားမရှိဘူးလို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း က မဟာချိုင်မြို့ စမူဆာခွန်ခရိုင် အတွင်းက အွန်လိုင်းရှော့ လုပ်ကိုင်တဲ့ စက်ရုံ အရှေ့မှာ ထိုင်းအမျိုးသမီး နှစ်ဦးက အလုပ်ပေးမယ်ဆိုကာ အလုပ်စမတ်ကြေး အဖြစ် မြန်မာအလုပ်သမား တစ်ဦး ကို ဘတ် ၃၅၀၀ မှ ၇၀၀၀အထိ ကောက်ယူခဲ့ပြီး   နိုဝင်ဘာ ၂၀ ရက်နေ့ တွင် ပထမအသုတ် အနေနဲ့ အလုပ်သမား ၁၀၀ ကျော် အလုပ်စဆင်းရာ မှ အလိမ်ခံရကြောင်း သိရှိပြီး ထိုင်းအာဏာပိုင်တွေကို အလုပ်သမားတွေ က အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

""လိမ်သွားတဲ့ ထိုင်း အမျိုးသမီး ၂ဦး ကို ၂၅ရက်နေ့က ဖမ်းမိတယ် သူတို့ကို တရားရုံးတန်း ပို့တယ် အခု အာမခံ ပေးထားလား မပေးထားလား မသိသေးဘူး စုံစမ်းနေတယ် အခုက အလိမ်ခံရတာ က ၃၀၀ကျော် လောက်ရှိတယ် ရဲစခန်းမှာ လာပြီး အမှုဖွင့်တာက အလုပ်သမား ၅၀ကျော်လောက်ပဲရှိသေးတယ် ကျန်တဲ့သူတွေ လာရောက် အမှုဖွင့်ဖို့ ကို ကျွန်တော်တို့ အနေနဲ့ လိုင်းပေါ် ကနေ အသိပေး ထားတယ် ""လို့ AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာဦးခိုင်ကြီးက MLN ကိုပြောပါတယ်။

အခုလို လာရောက် အမှုဖွင့် တဲ့ အလုပ်သမားဦးရေ နည်းနေတဲ့ အပြင် အမှု အနေနဲ့ တရားရုံး ကို ရောက်ရှိသွားတဲ့ အတွက် အချိန်ကြာမြင့် နိုင်ခြင်း ၊ မြန်မာအလုပ်သမား တွေ အနေနဲ့ တရားရုံး မှာ ထွက်ဆိုရန် အချိန်ပေးနိုင်မှု နည်းတာ တွေကြောင့် လိမ်ခံရတဲ့ ငွေ များ ပြန်ရဖို့ အလား လားနည်းတယ်လို့ ဆိုပါတယ်။

""ထိုင်းနိုင်ငံရဲ့ ဥပဒေ မှာ က အခုလို အမှု တွေ ဖြစ်ရင် အချိန်ဆွဲလို့ရတယ် အချိန်ကြာလာတာနဲ့ အမျှ အလုပ်သမားတွေ အနေနဲ့ ရုံးချိန်း လာဖို့ တွေ ခက်လာတယ် တချို့ကျတော့လည်း ရုံးဘာညာတက်ရမှာ တွေ ကြောက်တော့ ပိုက်ဆံဆုံးပါစေ တော့ ဆိုပြီး မဆက်သွယ်ကြတော့ဘူး အခုလို အလုပ်သမားဦးရေ အများကြီးဆို ပိုဆိုးတာပေါ့ ""လို့ ဦးခိုင်ကြီးကဆက်လက်ပြောပါတယ်။

ထိုင်းနိုင်ငံ အတွင်း ရောက်ရှိနေတဲ့ အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ ကို အလုပ်ရှာပေးမယ်ဆိုကာ လိမ်လည်မှု တွေ မကြာခဏ ဖြစ်ပေါ် လျက်ရှိပြီး လိမ်လည် သူတွေ က်ို ဖမ်းမိ ပြီး တရားဥပဒေအရ  အရေးယူနိုင် တာ ရှိပေမယ့်  လိမ်လည် ခံရတဲ့ ငွေကြေး ပြန်ရတာ မျိုး အလွန်နည်းတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီသူတွေထံကနေသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026