NEWS

မြန်မာအလုပ်သမား ၁၀၀ ကျော် ရက်အကန့်အသတ်မရှိ အလုပ်နားခံရပြီး လုပ်ခလဝက်စာ မရ​သေး

CoverLogo
422 Views

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်၊ ကတွန်းဘင်မြို့နယ် လန်ဝမ့်မှာ ရှိတဲ့ SAWA INTERNATIONAL CO.,LTD (မီးသီးစက်ရုံ)မှာ လုပ်နေတဲ့ မြန်မာလုပ်သမား ၁၀၀ကျော် ရက်အကန့်သက်မရှိ အလုပ်နားခိုင်းခံရပြီး ရရှိရမယ့် လုပ်ခ ၁၅ ရက်စာ ဘတ်၇သိန်းဝန်းကျင် ကို မပေးတဲ့ အတွက် စားဝတ်နေရေးအခက်ခဲ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 


မြန်မာအလုပ်သမား ၁၀၀ ကျော်မှာ MOU၊ CIနဲ့ PJ စာအုပ် စတဲ့အထောက်အထား ကိုင်ဆောင်ထားသူ ဖြစ်ပြီး ၎င်းမီးသီး စက်ရုံ မှာ အလုပ် လုပ်ဖို့ အတွက် ကြားပွဲစားဖြစ်သူနဲ့ယင်း စက်ရုံ မှ စကားပြန် ဖြစ်သူ တို့ကို စမက်ခ၊ ကျန်းခေါက်ခ၊ ပကန်ကျေး တို့ အတွက် အလုပ်သမားတစ်ဦး ကို ဘတ် ၇၀၀၀ စီ ယူပြီး အလုပ်သွင်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 


အလုပ်လုပ်တဲ့ကာလ ၄လ ကျော်ကြာခဲ့ပြီး အလုပ်လုပ်လာသည့်ကာလ တစ်လျှောက် လုပ်ခလစာ အပြည့်အဝမရရှိတဲ့ အပြင် ဩဂုတ်လ ၂၀ရက် မှ စပြီး အလုပ်မရှိလို့ ဟု အကြောင်းပြကာ ရက်အကန့်သက်မရှိ အလုပ်နားရမယ်လို့ စက်ရုံဘက်ကပြောခဲ့ကြောင်း သိရပါတယ်။ 


အခုလို အလုပ်နားရပြီး  လုပ်အားခ ၁၅ရက်စာကို ထုတ်မပေးဘဲ လကုန်ပြီး ၁၀ရက်မှ သာ ထုတ်ပေးမယ် ဆိုတဲ့ အတွက်အလုပ်သမားတွေမှာ စားဝတ်နေရေးအခက်ခဲ ဖြစ်နေသလို အထောက်အထားတွေ မထုတ်ပေးတဲ့ အတွက် အခြားစက်ရုံ ကို ပြောင်းဖို့ရန်ပါ အခက်တွေ့နေတယ်လို့သိရပါတယ်။ 


"အခုလက်ရှိ အဲ့ဒီ မီးသီးစက်ရုံ မှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အတော်လေး ဒုက္ခရောက်နေကြတာ စားဝတ်နေရေး နေထိုင်ရေးကအစ ကျန်ခေါက် ပြီး မှ အလုပ်ထုတ်ခံရတာအလုပ်မတရားခိုင်းပြီး မှ ထုတ်တာ  နစ်နာကြေးလည်းမပေးဘူး၊ တာဝန်ယူမှုမရှိဘူး ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 


ယခုလို အလုပ်သမားတွေရရှိမယ့်  လုပ်အားခ တစ်ဦးလျှင် ဘတ် ၇၀၀၀ ခန့် အယောက် ၁၀၀ အတွက် ဘတ် ၇ သိန်းနီးပါး ရရှိစေရန်နဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတာတွေကို ကူညီပေးဖို့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ထံအကူညီတောင်းခံထားကာ WAGအဖွဲ့ မှလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026