NEWS

မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးဖို့ထိုင်းအစိုးရအတည်ပြု

CoverLogo
853 Views

ထိုင်းနိုင်ငံအတွင်းရောက်ရှိ၀င်ရောက်လုပ်ကိုင်နေကြတဲ့  တရားမဝင်မြန်မာအလုပ်သမားများအပါအ၀င် နိုင်ငံခြားသားအလုပ်သမားများကို တရား၀င်အလုပ်သမားများအဖြစ်  နေထိုင်အလုပ်လုပ်ကိုင်နိုင်ဖို့ နေထိုင်ခွင့်အထောက်အထားလက်မှတ် ပန်းရောင်ကတ်ပြုလုပ်ပေးဖို့ ထိုင်းအစိုးရအတည်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

"ဟုတ်တယ်။ အတည်ပြုပေးလိုက်ပြီလေ။ ထိုင်းအလုပ်သမား၀န်ကြီးဌာနကနေ ထိုင်းအစိုးရထံကိုတင်ပြလိုက်လို့ ထိုင်းအစိုးရကအတည်ပြုပေးလိုက်တာ။ ခွင့်ပြုချက်တော့ကျလာပြီ။ ဘယ်တော့စပြီးလုပ်ရမယ်ဆိုတဲ့ရက်အတိအကျတော့ မပါသေးဘူး။ ဘယ်တော့စလုပ်မယ်  ကုန်ကျစရိတ်ဘယ်လောက်ဆိုတာက နောက်ပိုင်းသတ်သတ်ထုတ်ပြန်လာလိမ့်မယ်"လို့ ထိုင်းနိုင်ငံအခြေစိုက် ထိုင်းရောက်မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။ 

ထိုင်းနိုင်ငံအတွင်းမှာ ၀င်ရောက်နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့၊  ကမ္ဘောဒီးယားနိုင်ငံစတဲ့နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင် အလုပ်သမားဖြစ်အောင် နေထိုင်လုပ်ကိုင်နိုင်ဖို့  နေထိုင်ခွင့်အထောက်အထားလက်မှတ် ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးဖို့ ထိုင်းအလုပ်သမား၀န်ကြီးဌာနက ထိုင်းအစိုးရကိုတင်ပြခဲ့တာကြောင့် ထိုင်းအလုပ်သမားဝန်ကြီးနဲ့ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူတွေတွေ့ ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို တရားဝင် အလုပ်သမားဖြစ်အောင် နေထိုင်ခွင့်အထောက်အထား ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခုလိုဆုံးဖြတ်ခဲ့ခြင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ဖို့အခက်အခဲရှိနေကြတဲ့ သက်တမ်းပြည့် MoU  အလုပ်သမားများအတွက်အဆင်ပြေစေဖို့ အတွက်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးကဆိုထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ (Work Permit) သက်တမ်းကုန်ဆုံးမဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို (၂) နှစ် သက်တမ်းတိုးခွင့်ပြုမှာဖြစ်ပြီး သက်တမ်းကုန်ဆုံးပါကလည်း MoU အလုပ်သမားများကဲ့သို့ (၂) နှစ်သက်တမ်း ထပ်မံတိုးပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။  

ဒါ့အပြင်ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ Border Pass စာအုပ်အပြာများနဲ့ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားများကိုလည်း  အရင်က ၃ လ နေထိုင်လုပ်ကိုင်ခွင့်ပြုထားရာမှ အခုအခါမှာ ၆ လအထိ နေထိုင်လုပ်ကိုင်ခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026