NEWS

မြန်မာလုပ်သားများအား ချန်လှပ်ပြီး ကမ္ဘောဒီးယားလုပ်သား များကို ထိုင်းကခေါ်ယူ

CoverLogo
1.4K Views

ထိုင်းနိုင်ငံက မတ်လ၁၅ရက်မှာ စတင်ခေါ်ယူမယ့် ပြည်ပ နိုင်ငံက MOU လုပ်သားတွေကို ကမ္ဘောဒီးယားနိုင်ငံက‌နေ ခေါ်ယူလိုက်တယ်လို့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားရေးဆောင်ရွက်နေတဲ့သတင်းအရင်းအမြစ်တွေက MLN ကို ပြောပါတယ်။

ဒီလို‌ ခေါ်ယူတာဟာ လူတစ်ဦးကို ဘတ် ၈၀၀၀ အထိ ပေးရမယ့်ကွာရန်တင်းဝင်ဖို့ အတွက်ကြောင့် ဖြစ်တယ်လို့ ထိုင်းလုပ်သားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

"အဓိက ပြောရမယ်ဆိုရင် ကုန်ကျစာရိတ်များနေလို့ပါ။ အခုကတော့ အောက်လမ်းကရောက်လာတဲ့ သူတွေပဲ များနေတယ်"လို့ ထိုင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

မြန်မာ MOU လုပ်သားခေါ်ယူရာ မှာ ထိုင်းလုပ်ငန်းရှင်တွေက ကုန်ကျစရိတ် ကျခံဖို့ညှိနှိုင်းခဲ့ပေမယ့် ညှိနှိုင်းမှု့အဆင်မပြေတာကြောင့် အခုလိုမခေါ်ယူနိုင်ခဲ့တာလို့ ထိုင်းရောက် မြန်မာလုပ်သားရေးကျွမ်းကျင်သူ‌တွေက ပြောပါတယ်။

မြဝတီ-မဲဆောက် နယ်စပ်မှာ မြန်မာလုပ်သားတွေ ဝင်ရောက် လာရင် ကျန်းမာရေးစစ်ဆေးဖို့ကွာရန်တင်းစင်တာတွေထိုင်းဖက်က ပြင်ဆင်ထားပေမယ့် ကွာရန်တင်းဝင်ခနဲ့အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်တာကြောင့် မြန်မာအလုပ်သမားတွေကို မခေါ်ယူနိုင်ခဲ့တာလို့ သိရပါတယ်။

အခုရက်ပိုင်း အတွင်းမှာပဲ ကော့သောင်းဖက်ကနေ ဝင်ရောက် လာမယ့် မြန်မာလုပ်သား ၃၀၀၀ ကျော်ကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့က လိုအပ်တဲ့လုပ်ငန်းခွင်တွေမှာ နယ်စပ်ဖြတ်ကျော်ခွင့်လတ်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ထိုင်းဘက်က တရားဝင် MOU လုပ်သားတွေကို မြန်မာဘက်က ခေါ်ယူဖို့ ကြာနေတာတွေရှိသလို မြန်မာနိုင်ငံမှာလည်းပြည်တွင်းရေးမတည်ငြိမ်မှုတွေ‌နဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့် နေ့စဥ်လိုလို ထိုင်းနိုင်ငံနဲ့ အိမ်နီးခြင်းနိုင်ငံတွေဆီတရားမဝင်သွားရောက်မှု တွေရှိနေပြီး နယ်စပ်တွေမှာ ဖမ်းဆီးခံရတာ‌တွေလည်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

သတင်းဖော်ချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းနိုင်ငံနယ်စပ်ဂိတ်တွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သား ထောင်ဂဏန်းရှိနေ ပါတယ်။

"လာပို့တဲ့ပွဲစားတွေက ပိုက်ဆံနဲ့ရွေးရင်တော့ ပြန်လွှတ်ပေးတယ်။ ထောင်အထိတော့ မရောက်ဖူးပေါ့"လို့ ဖမ်းဆီးခံရသူတွေရဲ့အခြေအနေကို ထိုင်းသတင်းရင်းမြစ်က အခုလို ပြောဆိုပါတယ်။

အခုလို ထိုင်းဘက်က မြန်မာလုပ်သားခေါ်ယူမှု ကြန့်ကြာနေတာကြောင့် တရားမဝင် ဝင်ရောက်လာမယ့် မြန်မာလုပ်သားဦးရေဟာလည်း ဆက်ပြီးတိုးနေမယ်လို့ မြန်မာရွှေပြောင်းလုပ်သားရေးကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။

 

 


 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026