ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေကိုအထောက်အထားလတ်မှတ်ထုတ်ပေးပြီး တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်စီစဥ်ပေးဖို့ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေကတောင်းဆိုထားတယ်လို့ NUG ရဲ့အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
"ကျနော်တို့ နိုင်ငံကအလုပ်သမားတွေအနေနဲ့ ပြည်တွင်းအခြေအနေကြောင့် ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ဝင်နေပြီး အဖမ်းခံနေရတာတွေ ရှိပါတယ် အဲ့လိုပဲ အဖမ်းမခံရဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေလည်း ရှိပါတယ်ကျနော်တို့အနေနဲ့ အဲဒီသူတွေကို အထောက်အထားလက်မှတ်လုပ်ပေးပြီး တရားဝင်နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်အောင် စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်"လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အလုပ်သမားရေးရာဝန်ကြီးဌာနကဒုတိယဝန်ကြီးဦးကျော်နီကပြောပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်တွင်းအခြေအနေတွေကြောင့်ပြည်ပကိုသွားရောက်လုပ်ကိုင်လိုသူတွေများသလိုနီးစပ်ရာအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံထဲကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လုပ်ကိုင်ဖို့ကြိုးစားတာတွေကြောင့်နှစ်နိုင်ငံနယ်စပ်မှာထောင်နဲ့ချီပြီးဖမ်းဆီးခံနေကြရပါတယ်။
"ထိုင်းနိုင်ငံက အလုပ်သမားတွေ ခေါ်ယူဖို့ စီစဉ်နေတာတော့ ကြာပါပြီ။ MoU နဲ့ခေါ်ဖို့ ကြိုးစားနေသလို အခြားနည်းလမ်းတွေနဲ့လည်း အလုပ်သမားရရှိရေးကြိုးစားနေကြပါတယ်"လို့ဦးကျော်နီကဆိုပါတယ်။
ထိုင်းနိုင်ငံဖက်ကပြည်ပလုပ်သားသိန်းဂဏန်းနီးပါးခေါ်ယူဖို့ပြင်ဆင်နေပေမယ့်မြန်မာနိုင်ငံကခေါ်ယူမယ့်လုပ်သားတွေအတွက်နှစ်နိုင်နယ်နယ်စပ်ဂိတ်အနီးမှာပြင်ဆင်ထားတဲ့ကွာရန်တင်းစင်တာတွေလုံလောက်မှု့မရှိသေးတာကြောင့်ကြန့်ကြာနေတယ်လို့ထိုင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။
ဒါ့အပြင်မြန်မာလုပ်သားတွေကိုခေါ်ယူမယ့်ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့လုပ်သားတဦးခြင်းဆီရဲ့ကွာရန်တင်းဝင်ကြေးကိုကျခံပေးဖို့ညှိုနှိုင်းနေတာတွေရှိပြီးထိုင်းဖက်ကတော့ဧပြီလလောက်မှာအပြီးသတ် ခေါ်ယူနိုင်မယ်လို့ပြောကြားထားပါတယ်။