NEWS

မြန်မာလုပ်သားများကို ငွေညှစ်သည့် ထိုင်းရဲ တိုင်ကြားခံရ

CoverLogo
268 Views
 
ထိုင်းနိုင်ငံ စမူပကန်ခရိုင် ဘန်ပိုဒေသတွင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ ရဲ့ အခန်း အတွင်းသို့ ဥပဒေမဲ့ ဝင်ရောက် စစ်ဆေးပြီး ငွေညှစ်တဲ့ ထိုင်းရဲ ကို ဘန်ပိုရဲစခန်း တွင် သွားရောက် တိုင်ကြားခဲ့တယ်လို့ UFFအလုပ်သမား ကူညီရေးအဖွဲ့ထံမှ သိရပါတယ်။
 
ဖြစ်စဉ်မှာ ထိုင်းရဲအချို့က မြန်မာအလုပ်သမားတွေရဲ့ အခန်းထဲသို့ ဝင်ရောက် စစ်ဆေးပြီး အလုပ်သမားတွေကို ရဲစခန်းသို့ ခေါ်ဆောင်ကာ အကြောင်းပြချက်အမျိုးမျိုးနဲ့ငွေကြေးတောင်းယူတယ်လို့ သိရပါတယ်။
 
"ပုလိပ်တွေက ဖမ်းမိန့်မရှိ စစ်ဆေးပိုင်ခွင့်မရှိဘဲနဲ့ လုပ်သားတွေရဲ့အခန်းထဲကိုဝင်တယ် ပြီးတော့ ရဲစခန်းကိုခေါ်ခဲ့ ပြီး ဖုန်းတွေစစ်တယ် စာရွက်စာတမ်းတွေစစ်တယ် ပြီးရင် ဘာဖြစ်တယ်ညာဖြစ်တယ် အကြောင်းပြချက်ပေးပြီး ငွေညှစ်တယ်"လို့ UFFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
မြန်မာအလုပ်သမားတွေထံမှ တစ်ဦး ကို ထိုင်းဘတ် ၆၀၀၀မှ၁၀၀၀၀ ကျော်အထိ တောင်းယူ ပြီး ယခု ဖြစ်ရပ်များကြောင့် မြန်မာအလုပ်သ မားစုစုပေါင်း (၈)ဦးခန့် ထိခိုက်နစ်နာခဲ့ရကာ တချို့မှာ လွန်ခဲ့တဲ့ (၄၊၅၊၆) လခန့်ကတည်းက အုပ်စုလိုက် ငွေညှစ်ခံရမှုများကို ကြုံတွေ့ခဲ့ရတယ်လို့ အလုပ်သမားများက ပြောကြားခဲ့ ကြောင်းသိရပါတယ်။
 
အခုလို ထိုင်းရဲမှ ငွေညှစ်တောင်းယူတာကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် မှာ Union Friendship Family (UFF) အလုပ်သမားကူညီရေးအဖွဲ့မှ ဘန်ပိုဒေသရှိ ပလိပ်ရုံးသို့ သွားရောက်တိုင်ကြား၍ ဝင်ရောက်ဖြေရှင်းပေးခဲ့ရာ ညှိနှိုင်းဆွေးနွေးမှုအပြီးတွင် ပလိပ်အရာရှိဘက်မှ ဖြစ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ပြီး နောက်ထပ် ယင်းကဲ့သို့ ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ကတိပြုခဲ့တယ်လို​့ဆိုပါတယ်။
 
ဒါ့အပြင် နစ်နာခဲ့တဲ့ မြန်မာအလုပ်သမားတွေရဲ့ ငွေကြေးများကိုပါ ပြန်လည်ရယူပေးနိုင်ခဲ့တယ်လို့ UFF အလုပ်သမားကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံအတွင်း ထိုင်းရဲ တွေက ရွှေ့ပြောင်းလုပ်သား ရဲ့ လက်ကိုင်ဖုန်းများထဲ လောင်းကစားဂိမ်း တွေ ညစ်ညမ်းဗီဒီယို တွေ ကို စစ်ဆေးဖမ်းဆီးနေတာကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အသွားအလာဆင်ချင်ကျရန် နဲ့ အပြင်သွားပါက ဖုန်းထဲမှ တရားမဝင်တဲ့ အရာတွေကို ဖျက်သွားကျဖို့ UFFမှ အသိပေးထားပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026