NEWS

မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထိုင်းထီပေါက်

CoverLogo
329 Views
 
ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး(ပန်းရံ) အလုပ်လုပ်ကိုင်နေ တဲ့ ထိုင်းရောက်မြန်မာလုပ်သားလူငယ် တစ်ဦးမှာ မတ်လ ၁ရက်က ထွက်ရှိတဲ့ ထိုင်းထီ ဘတ်၆သန်း ဆု ကံထူးခဲ့တယ်လို့ ၎င်းဆုငွေ ထုတ်ယူရေးကို ကူညီပေးတဲ့ MHAC မဟာမိတ် အဖွဲ့ ထံ မှ သိရပါတယ်။
 
ကံထူးရှင်မှာ မြန်မာနိုင်ငံ နေပြည်တော် မှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်တာ ၆ လသာရှိသေးတယ်လို့ သိရပါတယ်။ထီဆုငွေ ထုတ်ယူပေးရန်အတွက် အေအေစီရဲမင်းဦးဆောင်တဲ့ MHAC မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံ ခဲ့တယ်လို့ သိရပါတယ်။
 
ထီဆုငွေ ဘတ်၆သန်း ကို မတ်လ ၂ရက် က နေ့ချင်းပြီးထုတ်ယူပေးခဲ့ ပြီး ကံထူးရှင် မြန်မာလုပ်သား ထံ လွှဲပေးခဲ့ ကာ ကံထူးရှင်မြန်မာလုပ်သားမှ MHAC အဖွဲ့ ရေရှည် ရပ်တည်နိုင်ရေး ထိုင်းဘတ်ငွေ တစ်သိန်း လှူဒါန်းပေးခဲ့သလို MHAC အမာခံအဖွဲ့ဝင်များနှင့် MHAC ရုံး၌ ခိုလှုံနေသော ဒုက္ခရောက်နေသူတွေ အပါအဝင် ထောက်ပံ့မှုမျိုးစုံ အလှူပြုပေးခဲ့တယ်လို့ သိရပါတယ်။
 
MHAC မဟာမိတ်အဖွဲ့ အနေနဲ့ ထိုင်းထီပေါက်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထီဆုငွေများ ထုတ်ယူပေးခဲ့တာမှာ နှစ်စောင်တွဲ ကံထူးရှင် ၈ ဦး အပါအဝင် စုစုပေါင်း ၆၃ ဦးမြောက် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026