NEWS

မြန်မာလုပ်သား ၇၀ ကျော်အား ထိုင်း MoU ကုမ္ပဏီက ရောင်းစား

CoverLogo
811 Views
 
ထိုင်း MoU စာချုပ်ကုမ္ပဏီ တခုက မြန်မာအလုပ်သမား ၇၂ ဦးကို နောက်ကုမ္ပဏီတခုဆီ ရောင်းစားခဲ့တယ်လို့ မြန်မာအလုပ်သမားကူညီစောက်ရေးအဖွဲ့ WAG ဆီကသိရပါတယ်။ အလုပ်သမားတဦး ဘတ် နှစ်ထောင်နဲ့ Power Line (ဖိုးလက်မောင်း) သူဌေးဆီကို MoU စာချုပ် ချုပ်ဆိုထားတဲ့ ထိုင်း Apisit Engineering& Suppiy Part LTD ကုမ္ပဏီက ရောင်းစားခဲ့တာလို့ အလုပ်သမားတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
“MoU စာချုပ်တွေမှာ ထိုင်းဘက်က တကယ်လိုအပ်တဲ့ လူသားဦးရေထက်ကို ပိုပြီး ခေါ်လာ(တင်သွင်း) ကြတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တကယ်လိုတာက ၂၀ လောက်ဆိုရင်တောင် သူတို့က ၁၀၀ လောက် ခေါ်သွင်းတယ်။ ရောက်လာပြီဆိုရင် ပိုတဲ့ အလုပ်သမားတွေကို တခြားလုပ်ငန်းတွေကို ပို့တယ်(ရောင်းတယ်) ။ ဖြစ်လာပြီ ဆိုရင်တော့ မြန်မာဘက်က ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်။ ဘာလို့ဆို အလုပ်သမားတွေက ထိုင်းကို မရောက်ဘူး ကြဘူးလေ။ နောက် ထိုင်းကုမ္ပဏီတွေလည်း တာဝန်ရှိပါတယ်။ သူတို့က တဆင်ခံ(ဖိုးလက်မောင်း) လုပ်ငန်းတွေကို ပြန်ရောင်းတာမျိုးတွေ လုပ်ကြတာ ။ “ လို့ WAG အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်သမား ၇၂ ဦးဟာ ထိုင်းနိုင်ငံ ဘန်ချန်မြို့ Apisit Engineering&Suppiy Part LTD မှာ လုပ်ကိုင်ဖို့ မြန်မာနိုင်ငံက အေဂျင်စီ MOE THIT YAN Co,LTD (မိုးသစ်ယံ ကုမ္ပဏီ) ကနေ MoU စာချုပ် နဲ့ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ရောက်ရှိခဲ့တာလို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ MoU စာချုပ် ချုပ်ပါက လုပ်ကိုင်ရမဲ့ လုပ်ငန်းအမျိုးအစားတွေကို စိစစ်ဖို့လိုအပ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင် ရမယ် ဆိုရင်တော့ တာဝန်ယူပို့ဆောင်မဲ့ ကုမ္ပဏီနဲ့ သေချာ ပြောဆိုထားဖို့ လိုအပ်တယ်လို့လည်း WAG အဖွဲ့က သတိပေးထားပါတယ်။
 
“သံရုံးကလည်း အလုပ်သမားကိစ္စတွေကို ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး ။ ဒါကြောင့်လည်း ထိုင်းမှာ ပြဿနာ ဖြစ်လာတိုင်း ထိုင်းကုမ္ပဏီကို တရားစွဲတာတွေ လုပ်နေရတာ ။ အလုပ်သမားတွေ MOU စာချုပ်မှာ ဘယ်လို လုပ်ငန်းခွင်မျိုးလဲဆိုမျိုး သေချာ စီစစ်ဖို့လိုတယ်။ ဆောက်လုပ်ရေးဆိုရင်တော့ သေချာ ဂရုစိုက် စေချင်တယ်” လို့ WAG အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ MOU အလုပ်သမား ၇၂ ဦး ထဲမှာ အမျိုးသမီးလုပ်သား ၁၀ ဦးဝန်းကျင်ပါဝင်ပြီး စာချုပ်အရ ဘန်ချန်မြို့မှာ လုပ်ကိုင်ရမှာ ဖြစ်ပေမဲ့ ခွန်ဘူရီမြို့က တဆင့်ခံ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အလုပ်ပုံမှန်မရှိရတာ၊ လုပ်အားခ ထုတ် မပေးတာ၊ ချေးငွေ ထုတ်မပေးတာနဲ့ စာချုပ်ပါစည်းကမ်းတွေနဲ့ မကိုက်ညီတာ စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ ရပြီးနောက် ထိုင်း MOU ကုမ္ပဏီရဲ့ လက်လွဲရောင်းချတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံတွေ့ရပေမဲ့ မြန်မာအေဂျင်စီဘက်က တာ၀န်ယူမှု မရှိခဲ့လို့ WAG အဖွဲ့ဆီ အကူအညိတောင်းခံထားတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026