NEWS

မြန်မာလုပ်သား ၅၀ ကျော် တင်ဆောင်လာသည့်ကား ရဲဖမ်းခံရမည်စိုး၍ မောင်းပြေးရာ တိမ်းမှောက်ပြီး လူအများအပြားဒဏ်ရာ

CoverLogo
122 Views
 
ထိုင်းနိုင်ငံ ကချနပူရီပြည်နယ် အတွင်းမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ကျော်အား တင်ဆောင်လာတဲ့ ပစ်ကပ်ကားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးသဖြင့် မောင်းပြေးရာကနေ အရှိန်လွန် ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရသိရပါတယ်။
 
၂၀၂၆ခုနှစ် ဖေဖေါ်ဝါရီ ၂၆ရက် ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေထဲမှ ၂၃ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
 
သတင်းဖေါ်ပြချက်အရ အဝေးပြေးရဲတပ်ဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်မှုတွေကို စစ်ဆေးဖို့ ကင်းလှည့်နေစဉ် ဆိုင်းယော့ခ်ခရိုင်ဘက်ကနေ မြို့ထဲကို ဦးတည်မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးဖို့ ကြိုးစားခဲ့ပေမဲ့ ကားသမားက ရပ်မပေးဘဲ အရှိန်တင်ပြီး မောင်းပြေးသွားပြီးနောက် ဝမ်ဒုံမြို့နယ် အရောက်တွင် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းပစ်ကပ်ကားထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား၊အမျိုးသမီး ၅၀မှ၆၀ ခန့်အထိ ကျပ်ညပ်စွာ လိုက်ပါခဲ့ ပြီး ယာဉ်တိမ်းမှောက်ချိန်တွင် လမ်းပေါ်သို့ လွင့်စင်ကျခဲ့ကာ မြန်မာရွှေ့ပြောင်းလုပ်သား၂၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အခင်းဖြစ်ပွားရာ ကို နယ်မြေခံ ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ရောက်ရှိလာကာ ဒဏ်ရာရရှိသူတွေကို ရှေးဦးနည်းဖြင့် ကုသပေးပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးကာ ဒဏ်ရာပြင်းထန်သူများလည်း ပါရှိတယ်လို့ သိရပါတယ်။
 
ဒဏ်ရာမရတဲ့ ကျန်ရှိသူတွေကိုတော့တရားမဝင် ဝင်ရောက်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီလူကုန်ကူးမှုကွန်ရက်ရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေနဲ့ ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
Ref-Kanchanaburi News

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026