NEWS

မြန်မာလုပ်သား ၄၀ ကျော်ကိုသူဌေးမှ လစာမပေးသည့်အပြင် အထောက်အထားများသိမ်းထားမှု တိုင်ကြားသွားမည်

CoverLogo
501 Views
 
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(1) က (ဆောက်လုပ်ရေးလုပ်ငန်း)တွင် အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သား ၄၃ ဦးကို အလုပ်ရှင်က လုပ်ခလစာမပေးတဲ့အပြင် အထောက်အထားစာရွက်စာတမ်းတွေ သိမ်းထားတယ်လို့ နစ်နာသူအလုပ်သမားတွေနဲ့ အကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ဇူလိုင် ၉ ရက်မှ စက်တင်ဘာ၉ရက်အထိ လုပ်ခလစာ ၂လစာ ကို ထုတ်မပေးဘဲ ရက်ရွှေ့ဆိုင်း နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"အလုပ်သမားတစ်ဦး ကို ဘတ် ၂၅၀၀၀ နှုန်းနဲ့ ၄၃ ယောက်စာ ဘတ် ၁၀ သိန်းကျော်လောက်ရရမှာ လုပ်ခက်ို ထုတ်မပေးဘဲ နေ့ရွှေ့ညရွှေ့ လုပ်နေတယ်လို့""အလုပ်သမားတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် မြန်မာအလုပ်သမားတွေရဲ့ စာရွက်စာတမ်းအထောက်အထားတွေကိုလည်းသိမ်းဆည်းထားပြီး စာအုပ်သက်တမ်းတိုး ရန်တွက် ပိုက်ဆံလည်းသွင်းထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာအလုပ်သမားတွေဟာ MOU/CI/ဘတ်သစ်ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး ထိုလုပ်ငန်းမှာ လုပ်ကိုင်နေတာဟာ ၂နစ်မှ ၆နှစ် အထိရှိပြီ ဖြစ်တယ်လို့သိရပါတယ်။
 
အခုလို အလုပ်ရှင်က လုပ်ခလစာ မပေးဘဲ စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အတွက် လုပ်ခလစာနဲ့ စာရွက်စာတမ်းများပြန်လည်ရရှိရန် ကူညီဆောင်ရွက်ပေးဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညိီတောင်းခံလာတဲ့ အတွက် စက်တင်ဘာ ၉ ရက်နေ့မှာ အမှုလက်ခံခဲ့ ပြီး ကူညီပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026