NEWS

မြန်မာလုပ်သမား ၂၆ ဦးအား လုပ်ခလစာမပေးဘဲ ထိုင်းလုပ်ငန်းရှင် တိမ်းရှောင်

CoverLogo
790 Views
ထိုင်းနိုင်ငံ၊မဲဆောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား၂၆ ဦးရဲ့ လုပ်အားခကို ရှင်းမပေးဘဲ တိမ်းရှောင်နေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။ အဲဒီလို တိမ်းရှောင်နေတာကြောင့် အလုပ်သမားတွေက ထိုင်း အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး (စဝတ်ဒီကန်ရုံး)ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
 
“ ဆောက်လုပ်ရေးကုမ္ပဏီက ကန်ထရိုက်ကို ပိုက်ဆံချပေးတယ်။ အဲဒီကန်ထရိုက်ကနေ နောက်ထပ် ကန်ထရိုက် ကို ပိုက်ဆံချပေးတယ်။ အဆင့် သုံးဆင့်ဖြစ်နေတာ။ ဒီအလုပ်သမား၂၆ယောက်ရဲ့လုပ်အားခ ဘတ် နှစ်သိန်းကျော် ကို ဘယ်သူက တာ၀န်ခံပြီး ပေးမလဲဆိုတာကို ထိုင်းအလုပ်သမား ၀န်ကြီးဌာန အရာရှိက ဆုံးဖြတ် ရမယ်။ အလုပ်ရှင်ကို ဆင့်ခေါ်ရမယ်။ အလုပ်သမားတွေက အထောက်ထားမဲ့ဖြစ်နေလို့ လက်ဗွေတွေ၊ မှတ်ပုံတင် အထောက်အထားတွေကို ထိုင်းအလုပ်သမား၀န်ကြီးဌာနက ယူထားပါတယ်။ ရက် ၆၀ ကြာရင် အဖြေပေါ်မှာ” လို့ ထိုင်းရောက် အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လကနေ အောက်တိုဘာလအထိ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်သမား ၂၆ ယောက် လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။ အလုပ်သမားတွေရဲ့ လုပ်အားခ ဘတ်နှစ်သိန်းကျော်ကို ထိုင်းအလုပ်ရှင် တဆင့်ခံ ကန်ထရိုက်(ဖိုးလက်မောင်း) က ရှင်းမပေးဘဲ တိမ်းရှောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
“ ကျွန်တော်တို့ အဲဒီလုပ်ခန်းခွင်က ပန်းရံ(ကော်စ) လုပ်နေတာ၊ ပြီးခဲ့တဲ့ (၇)လပိုင်းကတည်းကစပြီး လုပ်အားခ မရခဲ့တာ။ ပြန်ရမယ် မျှော်လင့်ချက်နဲ့ ၁၀ လပိုင်းအထိ ဆက်လုပ်သေးတယ်။ နောက်ဆုံးမရတော့ ထွက်လိုက် တယ် ။ အခုဆိုရင် ခုနှစ်လလောက်ရှိပြီ။ လုပ်အား ခပြန်ရဖို့ လူစုပြီး ဆရာတို့ ရုံးမှာ တင်ပြတာဖြစ်တယ်” အဲ့ဒီအလုပ်သမား၂၆ယောက်ထဲက အလုပ်သမားတဦး ကိုထက်က ပြောပါတယ်။
 
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်က ပထမအကြိမ် တိုင်ကြားမှုပြုလုပ်ခဲ့တဲ့ အလုပ်သမား၂၃ဦးရဲ့ လုပ်အားခတွေ ပြန်လည်ရရှိခဲ့တာကြောင့် အခုအလုပ်သမား ၂၆ ဦးကလည်း တရားမဝင် လုပ်သားတွေဖြစ်ပေမဲ့ လုပ်အားခတွေ ပြန်လည်ရရှိရေး တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
“အမှတ် ၂ ချစ်ကြည်ရေးတံတား ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမား၂၃ ယောက် ဘတ် တစ်သိန်း ကျော်ရ ခဲ့တယ်။ ဒါကို နမူနာယူ အရဲစွန့်ပြီး တိုင်ကြတာ။ အဲဒီလုပ်ငန်းခွင်က မြန်မာအလုပ်သမား ၁၀၀ လောက် ရှိတယ်။ ရှေ့က၂၃ ယောက် ၊ အခု ဒုတိယအသုတ်က ၂၆ ယောက်ပဲ ထိုင်းအလုပ်သမား၀န်ကြီးဌာနကို တိုင်ရဲတာ။ ”လို့ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
အဲ့ဒီအလုပ်သမား ၂၆ ဦးထဲမှာ အမျိုးသမီး ကိုးဦးပါဝင်ပြီး အမျိုးသားအလုပ်သမားကို နေ့စားခ ဘတ် ၃၅၀၊ အမျိုးသမီး အလုပ်သမားက ဘတ် ၃၂၀ ဆိုပြီး သတ်မှတ်လုပ်ကိုင်ခဲ့ကြတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လက်ရှိ မဲဆောက်ခရိုင်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ အိမ်ရုံလို့ခေါ်တဲ့ အိမ်တွင်းမှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာလည်း အလုပ်ရှင်တချို့နဲ့ အလုပ်ရှင်ကိုယ်စားလှယ်တချို့က လုပ်ခလစာ မပေးတာ တွေလည်း ပိုများလာတယ်လို့လည်း(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026