NEWS

မြန်မာရွှေ့ပြောင်းလုပ်သားတွေထံ နေထိုင်ခွင့်သက်တမ်းတိုးခ အဆမတန်ကောက်ခံသူတွေကို အရေးမယူဘဲ အလုပ်သမားတွေကို ရိုက်နှက်ဖမ်းဆီးတာကို အလုပ်သမားအရေးလှုပ်ရှားသူတွေကန့်ကွက်

CoverLogo
329 Views

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ရှိ သံစက်ရုံတွင် နေထိုင်ခွင့် သက်တမ်းတိုးခ ကို စက်ရုံ ဘက်က ဘတ် တစ်သောင်း တောင်းတဲ့ အတွက် ဈေးလျော့ပေးဖို့ ကို မြန်မာအလုပ်သမားတွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တောင်းဆိုတာကို ထိုင်းရဲ တွေ နဲ့ လုံခြုံရေး အဖွဲ့ တွေက ဖမ်းဆီး ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့စည်းတွေ ထံ က သိရပါတယ်။

""သက်တမ်းတိုးခဈေးလျှော့ပေးဖို့ တောင်းဆိုတာ တဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းရဲနဲ့လုံခြုံရေး တွေခေါ်ပြီး နံပတ် တုတ်ကိုင် ဖမ်းဆီး ခိုင်းတာက မြန်မာအလုပ်သမားတွေ အပေါ် အနိုင်ကျင့်တာ ဖြစ်တယ်။တကယ်က ဈေးနှုန်းအဆမတန် ကောက်ခံ ထားသူတွေ ကို အရေးယူရမယ့် အစား အလုပ်သမားတွေ အပေါ် ဒီလို ကိုင်တွယ်တာ ကန့်ကွက်ပါတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမား အရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်း က ပြောပါတယ်။

အဆိုပါ စက်ရုံ မှာ မြန်မာအလုပ်သမား ၃၀၀ ခန့်ရှိပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း က   စက်ရုံရှိ  မြန်မာအလုပ်သမားတွေက အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန်အတွက် အလုပ်သမား ၁ ဦးကို ထိုင်းဘတ် ငွေ တစ်သောင်း ကောက်ခံ တာ ကို  သင့်တင့် တဲ့  စျေးနှုန်းဆောင်ရွက်ပေးဖို့  အလုပ်မဝင်ခင် ငြိမ်းချမ်းစွာ ဆန္ဒပြ ရာကနေ  စက်ရုံပိုင်ရှင်က ထိုင်းရဲနှင့် နယ်မြေလုံခြုံရေးအဖွဲ့များကို ခေါ်ယူကာ  မြန်မာအလုပ်သမားတွေကို ဖြိုခွင်း ဖမ်းဆီးတာတွေ  လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းဆန္ဒထုတ်ဖော်တာမှာ မြန်မာအလုပ်သမား လေးဦး ကို ထိုင်းရဲတွေက လက်ထိပ်ခတ် ဖမ်းစီးကာ ရဲကားပေါ် ကို တင်ထားခဲ့တယ်လို့ ဆိုပါတယ်။

"မြန်မာအလုပ်သမားလေးဦး ကို လက်ထိပ်ခတ် ဖမ်းပြီး တော့ ကားပေါ် တင်ထားတာ ကျန်တဲ့အလုပ်သမားတွေက ဆက်ပြီးတောင်းဆိုတော့ အခုတော့ ဖမ်းထားတဲ့ လေးဦး ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။သက်တမ်းတိုးခ ဘတ်တစ်သောင်း ကိုတော့ ညှိနေတယ်လို့ တော့ ကြားပါတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် သက်တမ်းတိုးခ ကို စက်ရုံ တွေက ပိုမိုကောက်ယူတာနဲ့ ပတ်သက်ပြီး ယခုရက်ပိုင်း မှာ စက်ရုံ အချို့ ရှိ  မြန်မာအလုပ်သမားတွေက သင့်တင့်တဲ့ဈေးနူန်း ကောက်ယူပေးဖို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တောင်းဆိုတာတွေ ပြုလုပ်လျက်ရှိပြီး အလုပ်သမားတွေတောင်းဆိုညှိနှိုင်းမှုတွေ အဆင်ပြေတာတွေ များတယ်လို့ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီပေးသူတွေထံကသိရပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026