NEWS

မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို မလေးရှားအစိုးရ ပြည်နှင်ဒဏ်ပေး

CoverLogo
397 Views
 
မလေးရှားနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ကျော်ကို မလေးရှားအစိုးရက ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်က တဆင့် ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့မလေးရှားအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက သြဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 
၄င်းမြန်မာလုပ်သားတွေဟာ မလေးရှားနိုင်ငံအတွင်းတရားမဝင်ဖြတ်သန်းခြင်း (သို့မဟုတ်) ပါမစ်မရှိဘဲ ဝင်​ရောက်နေထိုင်ခြင်း၊ ခွင့်ပြုထားတဲ့ ကာလထက်ကျော်လွန်နေထိုင်ခြင်း တို့ကို ကျုးလွန်တဲ့ အတွက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကျခံပြီးနောက် ဂျိုဟိုးပြည်နယ် ပီကန်နာနာ့စ်လူဝင်မှုကြီးကြပ်ရေးထိမ်းသိမ်းရေးစခန်းကနေကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် သက်ဆိုင်ရာ မြန်မာပြည် ရန်ကုန်သို့ လွှဲပြောင်းပေးတာဖြစ်တယ်လို့သိရပါတယ်။
 
အခုလိုပြစ်ဒဏ်ကျခံပြီးနေရပ်ကို ပြန်လာရန်အတွက် မိသားစုဝင်တွေက လေယာဉ်လက်မှတ် အတွက် မလေးရှားငွေ ရင်းဂစ် ၇၃၀ ကို မြန်မာသံရုံး လူဝင်မှု ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူတွေထံ ပေးသွင်းရတယ်လို့ သိရပါတယ်။
 
ပြည်နှင်ဒဏ်ပေးခံရသူတွေဟာ မလေးရှားနိုင် ငံ အတွင်း နှစ်အတော်ကြာသည်အထိ ဝင်ရောက်ခွင့် မရဘူးလို့ သိရပါတယ်။
 
ပြည်နှင်ဒဏ်ပေးခံရသူ ထဲမှာ မြန်မာ ၁၁၁ ဦးအပြင် အင်ဒိုနီးရှား ၁၄၀ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၄ ဦး၊ တရုတ် ၇ ဦး၊ ပါကစ္စတန် ၆ဦး၊ ထိုင်း ၆ ဦး၊ ကမ္ဘောဒီးယား ၅ ဦး၊ နီပေါ ၂ ဦး နဲ့ သီရိလင်္ကာ နိုင်ငံသား ၁ ဦး တို့ကိုလည်း ပြည်နှင်ဒဏ်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ် လဆန်းပိုင်းကလည်း မြန်မာလုပ်သား ၁၀၁ ဦးကို ကွာလာလမ်ပူလေဆိပ်ကနေတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကာ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026