NEWS

မြန်မာရေလုပ်သားတစ်ဦး ထိုင်းထီ ဘတ် ၆ သန်းဆုပေါက်

CoverLogo
520 Views

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ရေလုပ်သားအဖြစ်  အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရေလုပ်သားတစ်ဦးဟာ စက်တင်ဘာ ၁၆ ရက်နေ့က ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၆၀၈၆၆၂ ဂဏန်းနဲ့ ဘတ် ၆ သန်းဆုပေါက်ကာ ကံထူးရှင်ဖြစ်ခဲ့ တယ် လို့ မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ (M.H.A.C) မဟာမိတ်အဖွဲ့ ထံကသိရပါတယ်။ 

ထီဆုပေါက်သူဟာ အသက် ၄၂ နှစ်အရွယ် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူဇာတိဖြစ်ကာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို လာရောက်အလုပ်လုပ်ကိုင်နေတာ နှစ်(၂၀)ကျော်ကြာရှိပြီဖြစ်ပါတယ်လို့သိရပါတယ်။ 

"" သူက ထီဖွင့်တဲ့နေ့မှာပဲ ထီသုံးစောင်ဝယ်လိုက်တယ် တစ်စောင်က သူငယ်ချင်းကို ထီပေါက်ရင် တစ်ဝက်ပေးဆိုပြီးတော့ ပေးလိုက်တယ်။ သူဆီမှာ ကျန်တဲ့ ထီနှစ်စောင်ကနေပြီးတော့ တစ်စောင်က ပေါက်တာပါ။ ချက်ချင်းပဲ M H ACအဖွဲ့ က ကိုရဲမင်းကို ဆက်သွယ်အကူအညီတောင်းတော့ ဒီနေ့ အားလုံးအဆင်ပြေခဲ့ပါတယ်"လို့(M.H.A.C) မဟာမိတ်အဖွဲ့ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ဆုငွေများကို (M.H.A.C) မဟာမိတ်အဖွဲ့ကစက်တင်ဘာ  ၁၇ ရက်နေ့မှာ နေ့ချင်းပြီး ထုတ်ယူပေးခဲ့ပြီး ကံထူးရှင် ထံ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ 

ကိုရဲမင်းဦးဆောင်တဲ့ (M.H.A.C) မဟာမိတ်အဖွဲ့အနေဖြင့် ထိုင်းအစိုးရထီရဲ့အမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက်တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားများကို ယခု အကြိမ်အပါအဝင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့မှုပေါင်း (၅၃) ဦးထိ ရှိပြီဖြစ်ကြောင်း သိရပါတယ်။ 

၂၀၂၄ ခုနှစ်မှာ တော့ ဩဂုတ်လပိုင်းကစပြီး ယခုစက်တင်ဘာလ အထိ ထိုင်းရောက်မြန်မာအလုပ်သမားများဘတ် ၆ သန်းဆု ပေါက်တာ (၃) ကြိမ်ဆက် တိုက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ 

 


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025