NEWS

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်သမားများလုပ်ခလစာတိုးပေးဖို့တောင်းဆိုမည်

CoverLogo
1.5K Views

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာတွေတိုးပေးဖို့တောင်းဆိုမှုပြုလုပ်မယ်လို့ ကာယကံရှင်အလုပ်သမားတွေဆီက သိရပါတယ်။

" ဖိနပ်ချုပ်တဲ့စက်ရုံတွေပါတာမကြားသေးဘူး။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းကပဲ တိုးပေးတဲ့ အသံကြားနေရတာပါ။ ဘရမ်းတွေပဲတိုးတယ်ဆိုပြီးကြားနေကြတာ ဟုတ်ပါတယ်။ brand ကိုပေးတဲ့ ဖိအားက လုပ်ငန်းရှင်များဆီပြန်ရောက်ကြတာပါ။ 
အခုကအငြိမ် အရင်လုပ်တဲ့အနေနဲ့ လက်မှတ်တွေစုပြီး brand ကိုတင်ပြမယ်။ မထူးလာရင် နောက်တစ်နည်းထပ်စဥ်းစားပါမယ်" လို့ မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂမှ အဖွဲ့ဝင်အလုပ်သမားတစ်ဦးက ဆိုပါတယ်။

ယခင်ကလည်း တစ်နေ့လုပ်ခကျပ်၈၀၀၀ပေးဖို့ ဆန္ဒပြ တောင်းဆိုမှူတွေပြုလုပ်ခဲ့တာဖြစ်ရာ ယခုတစ်ကြိမ်တောင်းဆိုရာမှာတော့ မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂမှ ဦးဆောင်ပြီးတော့ လစာတိုးတောင်းဖို့ဆောင်ရွက်မှာဖြစ်ပြီး အလုပ်သမားတွေရဲ့ သဘောထားဆန္ဒအရ လက်မှတ်ထိုးပြီး ဆန္ဒထုတ်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။

မြင့်တက်နေတဲ့ကုန်စျေးနှုန်းနဲ့လစာနည်းပါးမှုရဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့ မြန်မာပေါင်ချိန်၀န်ထမ်းတိုင်းက လစာတိုးတောင်းဖို့ရာမှာ လက်မှတ်ထိုးပြီး adidas ကနေတဆင့် တောင်းခံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီစက်ရုံကအလုပ်သမားတွေဟာ  တစ်နေ့လုပ်ခကျပ်၈၀၀၀သို့တိုးမြှင့်ပေးဖို့   စက်ရုံအတွင်းဆန္ဒပြတောင်းဆိုရာမှ အလုပ်သမား၂၆ဦး  အလုပ်ထုတ်ခံခဲ့ရလို့  အလုပ်ပြန်ခန့်ဖို့ တောင်းဆို၊ညှိနှိုင်း မှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီးမှ အဆင်ပြေခဲ့တာပဲဖြစ်ပါတယ်။

မြန်မာပေါင်ချိန် ဖိနပ်စက်ရုံဟာ adidas ဖိနပ်ကိုချုပ်နေတာဖြစ်ပြီး အလုပ်သမား ၇၀၀၀ လောက်နဲ့လည်ပတ်နေတာလို့ အလုပ်သမားတွေထံက သိရပါတယ်။

#MyanmarLabourNews 
Photo-ပုံဟောင်း


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026