NEWS

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရရှိ

CoverLogo
993 Views

ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ adidas ဖိနပ်တွေကိုချုပ်လုပ်နေတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်က  မြန်မာပေါင်ချိန်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ ညှိနှိုင်းမှုတွေအကြိမ်ကြိမ်ပြုလုပ် ခဲ့ပြီး ဖေဖော်ဝါရီ၉ရက်နေ့မှာတော့ လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ခွင့်ရရှိခဲ့ပြီလို့  သိရပါတယ်။

“ကျွန်မတို့ဒီနေ့ပဲအဆင်ပြေသွားပါတယ်။ ဒီနေ့ပဲအလုပ်ပြန်၀င်ရပါတယ်။  စာချုပ်ပါအချက်တွေလည်း ညှိနှိုင်းမှုအဆင်ပြေသွားပါပြီ”လို့  အဆိုပါအလုပ်သမားများထဲမှ တစ်ဦးကဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန်  တောင်းဆိုရာမှ  အလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး  လုပ်ငန်းခွင် ပြန်လည်၀င်ရောက်နိုင်ဖို့  နှစ်ဖက်ညှိနှိုင်းမှုတွေကို နှစ်လတိတိပြုလုပ်ခဲ့တာဖြစ်ပေမဲ့  လုပ်ငန်းခွင် ပြန်လည်၀င်ရောက်ဖို့အတွက် ဇန်နဝါရီ၂ရက်နေ့မှာ  အလုပ်ရှင်ဘက်မှအလုပ်သမားတွေရဲ့ သဘောတူညီနိုင်မှုမရှိတဲ့အချက်တွေကို  ထည့်သွင်းစာချုပ် ချုပ်ဆိုတာကြောင့်  လုပ်ငန်းခွင့်ပြန်လည်၀င်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်မှာ တော့ အလုပ်သမားသုံးဦးလုပ်ငန်းခွင်စတင်၀င်ရောက်နိုင်ခဲ့ပြီး  ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ကျန်ရှိနေတဲ့အလုပ်သမားအားလုံး ၀င်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေက  လုပ်ခလစာတိုးမြင့်ပေးရန်တောင်းဆိုခဲ့ရာမှ အလုပ်သမား၂၆ဦးကို အလုပ်ထုတ်ခဲ့တာကြောင့် အလုပ်သမား ၁၃ ဦးကနစ်နာကြေးရယူကာ အလုပ်မှထွက်ခွာပြီး ကျန်ရှိအလုပ်သမား ၁၃ဦးက လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ခွင့်အတွက်ကိုသာ တောင်းဆိုရာ မြန်မာပေါင်ချိန်စက်ရုံက  အလုပ်သမားတွေကို  သုံးလစာလျော်ကြေးပေးပြီး  အလုပ်ထုတ်ဖို့သာဆုံးဖြတ်ခဲ့တာကြောင့် ၃လအထိ ကြာမြင့်နေခဲ့တာဖြစ်ပါတယ်။

မြန်မာပေါင်ချိန်စက်ရုံဟာ adidas အမှတ်တံဆိပ် ဖိနပ်ကိုသာ အဓိကထုတ်လုပ်ပြီး အလုပ်သမား ၇၀၀၀ ကျော်ရှိတဲ့ စက်ရုံကြီးတစ်ခုဖြစ်ပြီး အဲ့ဒီလိုစံချိန်ချိန်တွေတိုးမြှင့်ချုပ်လုပ်စေခိုင်းပေမဲ့ လစာတိုးမြှင့် ခြင်းမရှိသလို အခြားသောခံစားခွင့်တွေလည်းမရတာကြောင့် အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ လက်ရှိရနေတဲ့ တစ်နေ့လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်အစား တစ်နေ့လုပ်ခကျပ်၈၀၀၀ သို့တိုးပေးဖို့ အောက်တိုဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲ့ဒီလိုအလုပ်သမား ၂၀၀၀ ကျော်အထိ ပါ၀င်တောင်းဆိုခဲ့ပြီးနောက် ၂၀၂၂ အောက်တိုဘာ ၂၈ရက်က အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ အပါအဝင် ၂၆ဦးကို လုပ်ငန်းခွင်ပေးမဝင်တော့ဘဲ အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူနေမှုစားရိတ်တွေ ငွေဖောင်းပွမှုတွေ အဆမတန်ပြောင်းလာခဲ့ပြီးနောက် အလုပ်သမားတွေက ကုန်စျေးနှုန်းမြင့်တက်လာမှုအပေါ် မိမိတို့ရဲ့တစ်နေ့လုပ်ခကျပ် ၄၈၀၀ ဟာ လုံလောက်မှုမရှိတာကြောင့် အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026