NEWS

မြန်မာပေါင်ချိန်စက်ရုံအလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု မပြေလည်သေး၊ အလုပ်သမားများဆန္ဒရှိပါကတရားစွဲဆိုနိုင်ဟုဆို

CoverLogo
1K Views

ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ adidas ဖိနပ်တွေကိုချုပ်လုပ်နေတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က မြန်မာပေါင်ချိန်စက်ရုံက အလုပ်ရှင်နဲ့  အလုပ်သမားတွေဟာ ဒီကနေဒီဇင်ဘာ၁၇ရက်နေ့ရဲ့ထပ်မံညှိနှိုင်းမှုမှာလည်း   ပြေလည်မှုမရရှိသေးဘူးလို့  သိရပါတယ်။

" ညှိနှိုင်းမှုကတိကျတဲ့အဖြေမရခဲ့ဘူးပဲပြောရမှာပေါ့။ ညီမတို့ညှိနှိုင်းတာက adidas ကညွှန်ကြားထားတဲ့အတိုင်း ၁၁လပိုင်းလုပ်ခလစာရယ် ၁၀လပိုင်းလစာရယ်ကို လုပ်သက်ခွင့်မပေးဘဲနဲ့ လုပ်ခလစာအတိုင်းအတိအကျပေးဖို့ညှိတယ်။ စက်ရုံးထဲပြန်ဝင်ဖို့လည်းညှိတယ်။ ဘာလို့အလုပ်ထုတ်လဲဆိုတာရယ်ညှိတယ်။ သူတို့ဘက်ကတော့၁၀လပိုင်းလစာကိုပဲ လုပ်သက်ခွင့်မပါဘဲပေးဆိုရင်ပေးမယ်။ ၁၁လပိုင်းလစာကိုတော့ ညွှန်ကြားထားတာမရှိလို့ မပေးဘူး။ သိချင်ရင်adidasကိုပဲပြန်မေးပါတဲ့။ သူတို့ဘက်ညီမတို့ကိုစက်ရုံထဲပြန်ဝင်ခွင့်တော့မပေးတော့ဘူး တစ်ခြားဘာလုပ်ချင်လဲ အနာဂတ်အတွက်ဘာလုပ်မလဲဆိုတာကို ဘယ်လိုလုပ်ချင်လဲ ဘယ်လိုစီစဥ်ထားလဲဆိုတာကို ပြန်ပြောခိုင်းထားတယ်။ ညီမတို့ကလည်းတွေးထားတာတစ်ခုပဲရှိတယ်။ ဘာတွေဖြစ်ဖြစ် စက်ရုံထဲကိုပြန်ဝင်ချင်တယ်။ သူတို့ဘက်ကလည်း စက်ရုံထဲပြန်ဝင်ခွင့်မပေးနိုင်ဘူး။ တစ်ခြားပြောချင်တာပြောလို့ပြောတယ်" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

စက်ရုံနဲ့အလုပ်သမားတွေနဲ့ ထိပ်တိုက်တွေ့ဆုံချင်တယ်လို့ အလုပ်သမားတွေက adidas ဘက်ကိုတောင်းဆိုခဲ့တာကြောင့် အလုပ်ရှင်နဲ့အလုပ်သမားတွေရဲ့ထိပ်တိုက်တွေ့ ဆုံတာကို ဒီဇင်ဘာ၁၇ရက်မနက်၉နာရီကပြုလုပ်ခဲ့တာဖြစ်ပြီး အလုပ်ရှင်ဘက်က အလုပ်သမားတွေအဓိကတောင်းဆိုထားတဲ့ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ကို လက်မခံခဲ့တာကြောင့် ပြေလည်မှုမရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  လုပ်ခလစာတိုးမြင့်ပေးရန်တောင်းဆိုခဲ့ရာမှ  အလုပ်သမား၂၆ဦးကို  အလုပ်ထုတ်ခဲ့တာဖြစ်ပြီး   အလုပ်သမားတွေက  လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်အတွက်သာ   တောင်းဆိုနေတာကြောင့်  လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်ရုံ ဆက်ဆံရေးဦး စီးဌာနရော အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးတာ၀န်ရှိသူတွေနဲ့  အလုပ်ရှင်အလုပ်သမားများတွေ့ဆုံကာ  အလုပ်ပြန်ခန့်ရေး ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘဲ
နာမည်ကျော်အမှတ်တံဆိပ် adidas ဖိနပ်တွေ ထုတ်လုပ်တဲ့ မြန်မာပေါင်ချိန်စက်ရုံကတော့ အလုပ်သမား တွေကို သုံးလစာလျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့သာ အလုပ်သမားတွေကို ပြန်ပြောထားတယ်လို့ သိရပါတယ်။

အလုပ်သမားတွေဘက်က ဆန္ဒရှိရင် နစ်နာသူတွေအနေနဲ့ အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့နောက်ဆုံးညှိနှိုင်းမှုတုန်းက အလုပ်သမားဦးစီးဌာနဘက်ကနေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

“  သူတို့က ကျွန်မတို့ကိုတရားရုံးတက်မက်ဆိုတက်လို့ရတယ်ပြောတယ်။ ကျွန်မတို့တရားရုံးမတက်ပါဘူး။ ငွေများတရားနိုင်ဖြစ်မှာစိုးလို့ပါ။ တရားရုံးတက်ဖို့အစီစဉ်မရှိဘူး။ အခြားနည်းလမ်းနဲ့ပဲရအောင်တောင်းဆိုမှာပါ" လို့ အလုပ်သမားတွေကိုပါတယ်။

မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေကို အလုပ်ပြန်ခန့်ပေးဖို့ ညှိနှိုင်းနေတာဟာ အချိန်အားဖြင့် ၂လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ပြီးခဲ့တဲ့ နို၀င်ဘာ ၂၂ရက် ၂၅ရက်နဲ့ ဒီဇင်ဘာလ ၈ရက်အထိ  အပြန်အလှန်နှစ်ဖက်ဆွေးနွေးမှုတွေအပြင်းအထန်ပြုလုပ်ခဲ့တဲ့အပြင် brand ဘက်ကလည်း  ကြား၀င်ပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပေမဲ့ စက်ရုံဘက်က အလုပ်ပြန်မခန့် နိုင်ဘူးလို့သာပြန်လည်ပြောဆိုပြီး အလုပ်သမားတွေအနေနဲ့တရားရုံးကိုသာဆက်တက် ပါ"လို့ စက်ရုံဘက်ကပြောဆိုတယ်လို့သိရပါတယ်။

မြန်မာပေါင်ချိန်စက်ရုံဟာ ဒီ adidas အမှတ်တံဆိပ် ဖိနပ်ကိုသာ အဓိကထုတ် လုပ်ပြီး အလုပ်သမား ၇၀၀၀ ကျော်ရှိတဲ့ စက်ရုံကြီးတစ်ခုဖြစ်ပြီး အဲ့ဒီလိုစံချိန်တွေတိုးမြှင့်ချုပ်လုပ်စေခိုင်းပေမဲ့ လစာတိုးမြှင့် ခြင်းမရှိသလို အခြားသောခံစားခွင့်တွေလည်းမရတာကြောင့် အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ လက်ရှိရနေတဲ့ တစ်နေ့လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်အစား တစ်နေ့လုပ်ခကျပ်၈၀၀၀ သို့တိုးပေးဖို့ အောက်တိုဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲ့ဒီလိုအလုပ်သမား ၂၀၀၀ကျော်အထိ ပါ၀င်တောင်းဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၈ရက်က အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ အပါအဝင် ၂၆ဦးကို လုပ်ငန်းခွင်ပေးမဝင်တော့ဘဲ အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  စစ်တပ်အာဏာသိမ်းပြီးနောက် လူနေမှုစားရိတ်တွေ ငွေကြေးဖောင်းပွမှုတွေ အဆမတန်ပြောင်းလာခဲ့ပြီးနောက် အလုပ်သမားတွေက ကုန်စျေးနှုန်းမြင့်တက်လာမှုအပေါ်  မိမိတို့ရဲ့တစ်နေ့လုပ်ခကျပ်၄၈၀၀ဟာ  လုံလောက်မှုမရှိတာကြောင့်  အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

#MyanmarLabourNews 
#MinimumWage


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026