NEWS

မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၇ ဦး စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရ

CoverLogo
740 Views

ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်ရန် အတွက် ဘတ်စ်ကားဖြင့် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၇ ဦး မှာ ကန်ချနပူရီခရိုင် အတွင်းရှိ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ 

နိုဝင်ဘာ ၁၂ ရက် နံနက် ၁၁နာရီ ၃၀ မိနစ် ခန့်မှာ ကန်ချနပူရီခရိုင် စနမခရာဘူရီဒေသရှိ စစ်ဆေးရေးဂိတ်မှာဘတ်စ်ကားပေါ် လိုက်ပါလာတဲ့ မြန်မာ အလုပ်သမား ၇ဦး မှာ အထောက်အထားများ မပြနိုင်တဲ့ အတွက် အဖမ်းခံရတာ ဖြစ်တယ်လို့သိရပါတယ်။
  
၎င်း မြန်မာအလုပ်သမား ၇ဦး မှာ ထိုင်းနိုင်ငံ အတွင်း  တရားမဝင် နေထိုင်နေရာ ကနေ မြန်မာနိုင်ငံ ကို ပြန်ဖို့  ဘတ်စ်ကား စီးနင်း လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ မြန်မာအလုပ်သမား
၇ဦး ကို တရားဝင် အထောက်အထား မပြနိုင်တဲ့ အတွက်ထိုင်းအာဏာပိုင်တွေက  ဥပဒေ အရ ဆက်လက် အရေးယူမှာ ဖြစ်တယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။ 

ယခုရက်ပိုင်းမှာ ထိုင်း နိုင်ငံ အတွင်း မြန်မာအပါအဝင်  တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို စစ်ဆေး ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ထိုင်းရောက်မြန်မာနိုင်ငံသားတွေ အနေနဲ့ သတိထားသွားလာကျဖို့ အချင်းချင်း သတိပေးတာတွေရှိတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026