NEWS

မြန်မာနိုင်ငံကို ILO အရေးယူ

CoverLogo
404 Views
 
မြန်မာနိုင်ငံကို ILO Article 33 နဲ့ အရေးယူဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)က ဒီကနေ့ ဆုံးဖြတ် အတည်ပြုတယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ ထုတ်ပြန်ထား ပါတယ်။
 
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) ကနေ မြန်မာနိုင်ငံနဲ့ စစ်ကောင်စီကို အရေးယူဖို့ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာလို့ ရေးသားထားပါတယ်။
 
အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု‌တွေ ကြောင့် မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာလို့ သိရပါတယ်။
 
လက်ရှိ စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ်‌တွေ ဖြစ်တဲ့ MICs-TUF ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်၊ CTUM က ဒေါ်ခင်စုစုလှိုင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ILO က တောင်းဆိုထားပါတယ်။
 
စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းမှူတွေ ပြုလုပ်နေတဲ့အပြင် အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးတာတွေလည်း ပြုလုပ်နေတာပါ။
 
မြန်မာနိုင်ငံကို ILO Article 33 အရေးယူဒဏ်ခတ်မှုက ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တုန်းက ပထမအကြိမ် အရေးယူခံရဖူးပါတယ်။
 
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ ကို ဇွန် ၂ ရက်မှ ၁၃ ရက်ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

Related posts

Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025
Cover
မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025