NEWS

မြန်မာဒုက္ခသည် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပေးမယ့်အစီအစဉ် အောက်တိုဘာ ၁ ရက် စတင်အသက်ဝင်မည်

CoverLogo
423 Views
 
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံကစစ်ဘေးဒုက္ခသည် တွေ ကို ထိုင်းနိုင်ငံ အတွင်း တရားဝင်အလုပ်လုပ်ခွင့်​ပေးမယ့် အစီအစဉ် အောက်တိုဘာ ၁ ရက် က စတင် အကျိုးသက်ရောက်မယ်လို့ ထိုင်း ပြည်ထဲရေးဒုတိယဝန်ကြီး Theerarat Samrejvanich က စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့တယ်လို​ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
အခုလို ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်စခန်းတွေက မြန်မာဒုက္ခသည်တွေ ကို ထိုင်းနိုင်ငံဘက်မှ တရားဝင်အလုပ်လုပ်ခွင့် ပြုတာဟာ ၄၁ နှစ် အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာဒုက္ခသည်တွေ ကို အလုပ်လုပ်ခွင့်ပေးမယ့်အစီစဉ်ကို ဩဂုတ်လ ၂၆ ရက်နေ့က ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
 
ကမ္ဘောဒီးယား နဲ့ နယ်စပ်အငြင်းပွားမှု ဖြစ်ပြီးနောက် ထိုင်းနိုင်ငံ အတွင်းလုပ်သားရှားပါးမှု ပြသာနာကို ဖြေရှင်း ဖို့ အတွက် အခုလို အစီစဉ်တွေ ထိုင်းအစိုးရဘက်ကလုပ်ဆောင်လာတာဖြစ်ပါတယ်။
 
အလုပ်သမားဝန်ကြီး Phongkwin Chungruangkit ရဲ့ အဆိုအရ Mae Hong Son, Tak, Kanchanaburi နဲ့ Ratchaburi စတဲ့ ပြည်နယ် ၄ ခုထဲက ယာယီခိုလှုံရေးစခန်း ၉ ခုမှာ နေထိုင်နေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် တွေ ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ သိရပါတယ်။
 
အလုပ်လုပ်ချင်တဲ့ သူတွေဟာ ထိန်းချုပ်ထားတဲ့နေရာကနေ ထွက်ခွာခွင့်လျှောက်လွှာနဲ့ အလုပ်လုပ်ခွင့်လျှောက်လွှာကို တင်ပြရမှာဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးဌာနမှာ မှတ်ပုံတင်ထားပြီး ပါက အလုပ်လုပ်ဖို့အတွက် တရားဝင်ခွင့်ပြုမိန့် ထွက်ရှိတဲ့နေ့ကစလို့ တစ်နှစ်အထိ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ပေးသွားမယ်လို့ဆိုပါတယ်။
 
ထိုင်းအစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက လူဦးရေ ၄၂၀၀၀ ခန့် ကို အလုပ်ပေးသွားနိုင်မယ်လို မျှော်လင့်ထားကြောင်းသိရပါတယ်။
Ref-Khaosod English

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026