NEWS

မြန်မာဂျော်နီ အိတ်စက်ရုံ အချိန်ပို နာရီ ၂၀ ထက် ကျော်လွန် လုပ်ကိုင်ခိုင်း

CoverLogo
1.1K Views
 
ဝါးတရာစက်ရုံက မြန်မာဂျော်နီ အိတ်စက်ရုံ (Myanmar Journey) မှာ တပတ်အချိန်ပို နာရီ ၂၀ ထက် ကျော်လွန် ခိုင်းစေနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ရေကြီးနေတဲ့ ကာလမှာပဲ အတင်းကျပ် လက်မှတ်ထိုး ခိုင်းပြီး အချိန်ပိုဆင်းနေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုခေါ်တော့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေးပါဘူး။ အပတ်တိုင်း တနင်္လာနေ့ကနေ သောကြာကို အချိန်ပို ည ၈ နာရီ၊ တခါတလေ တနင်္ဂနွေနေ့ကိုလည်း အတင်းကျပ်လက်မှတ်ထိုး ခိုင်းကာ ဆင်းခိုင်းတယ်။
 
Myanmar Journey စက်ရုံရဲ့ ပုံမှန်အလုပ်ချိန်မှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိလို အလုပ်သမားတွေ က ပြောပါတယ်။ ဒ ၂၀၂၂ ခုနှစ်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားလွှာ မှာ တပတ် အချိန်ပို နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေခွင့် မပြုထားတဲ့ အပြင် အချိန်ပို ခိုင်းစေပါက တပတ်ကြိုတင် အကြောင်းကြား ခွင့်ပြုချက်ရယူဖို ပါရှိပါတယ်။ ဒါ့အပြင် အချိန်ပို ခေါ်ယူခိုင်းစေရာမှာ အလုပ်သမားတွေရဲ့ သဘောတူ လက်မှတ်ရယူဖိုလည်း ညွှန်ကြားထားပါတယ်။
 
“အချိန်ပို အတင်းဆင်းခိုင်းတာ စူပါတွေမှ မဟုတ်ပါဘူး၊ မန်နေဂျာကိုယ်တိုင်ကလည်း ဆင်းခိုင်းတာ။ အဲ့လို အချိန် ပိုခေါ်ရင်လဲ ခွင့်ပြုမိန့် မတင်ဘူး။ အလုပ်သမားတွေကိုတော့ အတင်းကျပ် လက်မှတ်ထိုးခိုင်းတယ် ။ အချိန်ပို မဆင်းဘူး ဆိုရင် ခေါ်တွေ့တယ်။ နောက်ရက်မှာ အိုတီ ရပ်လိုက်တယ်။ အလုပ်ဝင်တာမကြာသေးဘူးဆိုရင် ဝန်တိမ် ထိုးခိုင်းတယ်၊ အလုပ်ထုတ်တယ် ။ " လို အလုပ်သမားတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဥပဒေပါ ခွင့်ရက်တွေကို အလုပ်သမားတွေ မခံစားရပဲ သတ်မှတ်အလုပ်ချိန်ထက် ၁၀ မိနစ် ကြိုတင် ဝင်ရပြီး လုပ်အားခေါင်းပုံဖြတ်တာ ခံရတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။
 
"မနက်ဆိုရင် မီတင် လုပ်တယ် အလုပ်ချိန်ထက် ၁၅မိနစ် ကြိုဝင်ရတယ် အလုပ်ပြန်တဲ့အချိန် ၁၅ မိနစ်ဆိုရင် အိမ်သာကို ပေး မသွားတော့ဘူး။ အလုပ်သမားတွေရဲ့ အလုပ်ချိန်တွေပါ ခိုးနေတာ။ ခွင့်ဆိုရင် ဥပဒေပါ ခွင့်ရက် တွေ ခံစားခွင့်မရဘူး။ ခွင့်ယူရင် ဘာခွင့်မှ မပေးဘူး။ နှစ်ကြီးသမားတွေဆို အလုပ်က ထုတ်တယ်။ ဂိတ်ပတ် ယူရင်လဲ မပေးဘူး။ နေမကောင်းရင်လဲ ပြန်မလွှတ်ဘူး။ " လို ပြောပါတယ်။
 
စက်ရုံ အောစူပါမှာ အမျိုးသားတဦးဖြစ်ပြီး လုပ်ငန်းခွင် ဆဲဆိုမှုတာတွေ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ပြီး အလုပ်သမား အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံနေတယ်လို ပြောပါတယ်။
 
“ အဲဒီအောစူပါက အလုပ်သမား မိန်းခလေးတွေကို ဆဲရင် ၊ သူ့-- နဲ့ တောင်နှိင်း ဆဲတယ်။ အရမ်းရိုင်းစိုင်းတယ် အချိန်ပိုခေါ်ရင်လည်း အတင်းဆင်းခိုင်းတယ်။ စည်းကမ်းတွေကလည်း ဘာတွေမှန်းမသိဘူး။ စံချိန်မရလည်း ဝမ်တိန်ထိုင်းခိုင်းတာမျိုးကတော့ လွန်ပါတယ်” လို အလုပ်သမားအမျိုးသမီးတဦးက ပြောပါတယ်။
 
စံချိန်မရတာ၊ ပဲထည်ကျတာ အပြင် အိမ်သာကဒ်ပါမပါ တာကို စောင့်ကြည့်ခံရပြီး ဝမ်တိန်ထိုး ခိုင်းတာတွေရှိလို အလုပ်သမား တွေမှာ အကျဥ်းသားသဖွယ် ဖြစ်နေတယ်လို ပြောပါတယ်။ ဒါ့အပြင် လုပ်သက်ရင် အလုပ်သမား တွေမှာ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့ အပြင် နေ့စားလုပ်သားတွေမှာလည်းတန်းတူခိုင်းစေခံရပြီး အလုပ်ထုတ်တာ ခံရနေရတယ်လိုလည်း သိရပါတယ်။
“နေ့စား သမားတွေဆို အလုပ်ထုတ်တယ် ၊ နေ့စားဆိုရင်ကို အကြာကြီး မခန့်ဘူး။ မကြိုက်ရင် အလုပ်ထုတ် တာပဲ။ ဒါပေမဲ့ လုပ်သက်ရင့် အလုပ်သမားလည်း အလုပ်ထုတ်တာပါပဲ။" လို့အလုပ်သမားတဦးက ပြောပါတယ်။
 
ဒါ့အပြင် အလုပ်ထွက်လိုပါက တလ ကြိုတင် ထွက်စာတင်ရပြီး မတင်ပါက စက်ရုံဘက်က လုပ်ခလစာ ရှင်းမပေးတဲ့အပြင် ကိုယ်စားထုတ်ယူခွင့်မပြုုဘူးလိုလည်း အလုပ်သမားတွေက ပြောပါတယ်။
 
" အလုပ်ထွက်စာ မတင်ရင် လစာထုတ်လိုမရဘူး။ မန်နေဂျာက သူ့လူတွေဆို ထုတ်ပေးတယ် ။ တခြားသူဆို ထုတ် မပေးဘူး။ ကိုယ်စားမထုတ်ပေးဘူး၊ လူကိုယ်တိုင်လာ ထုတ်မှပေးတယ်။ နေမကောင်းလည်း ပြန်မလွှတ် ဘူး။ အရေးကြုံလည်း ဂိတ်ပတ် မပေးဘူး။ " ဆိုပြီး ခွဲခြားဆက်ဆံခံရတဲ့ အကြောင်း ပြောပါတယ်။
 
နေအိမ်တွေ ရေမြှုပ်လို ပြန်ခွင့်တောင်းခဲ့ပေမဲ့ ပြန်မလွှတ်ဘဲ အတင်းအကျပ် လုပ်ကိုင်ခိုင်းခဲ့တယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ ချိုးဖောက်မှုတွေကို အလုပ်သမားတွေက တိုင်ကြားလိုဆိုပြီး စက်ရုံအတွင်း ဖုန်း ယူဆောင်ခွင့် မပြုတဲ့အပြင် အလုပ်သမား အချင်းချင်း စကားပြောခွင့်မပြုဘဲ တွေ့ရှိပါက ဝမ်တိန်ထိုးခိုင်းမယ် ဆိုပြီး ပြောဆိုတယ်လိုလည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
မြန်မာဂျော်နီ Myanmar Journey အိတ်စက်ရုံက ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ် ၊ ဝါးတရာစက်မှုဇုန်၊ ၂ လမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် တစ်ရုံ ဖြစ်ပါသည်။ လုပ်သား ၃၀၀ ကျော်နဲ့ Solo အမှတ်တံဆိပ် အိပ်တွေ ချုပ်လုပ်နေတယ်လို သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026