NEWS

မြန်မာကျွိချွမ်း ဖိနပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ရေး အလုပ်သမားများ တောင်းဆို

CoverLogo
797 Views
 
မြန်မာကျွိချွမ်း (MYANMAR JU CHUAN ) ဖိနပ်စက်ရုံလုပ်သားတွေက ရက်တွက်ဒေးကြေး ကျပ် ၁၃၀၀၀ တိုးပေးဖို့ကို ဒီကနေ့ ဇွန်လ ၉ ရက်မှာ စတင်တောင်းဆိုနေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဆီက သိရပါတယ်။
 
စက်ရုံလုပ်သားတွေ အားလုံးနီးပါးက တောင်းဆိုမှုမှာပါဝင်နေပြီး ကုန်စျေးနှုန်းနဲ့ လူနေမှုစရိတ် အဆမတန် မြင့်မားလာပြီး စားဝတ်နေရေး ပြေလည်နိုင်စေဖို့ကို အခုလို တောင်းဆိုရတာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်ထဲမှာ လုပ်ခလစာ၊ အချိန်ပိုကြေး ၊ ရက်မှန်ကြေးအပြင် စက်ရုံအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေ၊ ဖယ်ရီကားသမားတွေက အလုပ်သမားတွေကို ရိုင်းပျစွာဆင်ဆံမှုတွေ၊ သောက်သုံးရေရရှိမှု၊ ခွဲခြားဆက်ဆံခံနေရမှုတွေ အပါအဝင် အချက် ၁၇ ချက်ကို တောင်းဆိုထားပါတယ်။
 
လက်ရှိ အလုပ်သမားတွေ ရရှိတဲ့ လုပ်ခလစာက ဖူလုံမှုမရှိလို့ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုမှု တွေ များပြားလာပါတယ်။ တောင်းဆိုမှုပြုလုပ်တဲ့ အလုပ်သမားတွေကို စက်ရုံအများစုက အခြေခံလုပ်ခလစာနှုန်းထားကို မတိုးပေးဘဲ့ နေ့စားခ (ဒေးကြေး) လို ခိုင်မာမှု မရှိတဲ့ ထောက်ပံ့ကြေး ခေါင်းစဉ်အနေနဲ့ပဲ တိုးပေးနေတယ်လို့ STUM က ဆိုထားပါတယ်။
 
ဒါ့အပြင် စက်ရုံအချို့က အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရာမှာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့တွေနဲ့သာ ဆွေးနွေးနေကြပြီး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကို ဝင်ရောက် ညှိနှိုင်းခွင့်မပြုတာတွေရှိနေတယ်လို့ STUM အဖွဲ့ ဆီက သိရပါတယ်။
 
မြန်မာကျွိချွမ်းဖိနပ်စက်ရုံ (MYANMAR JU CHUAN)က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026