NEWS

မြန်မာ အလုပ်သမား ၃၀၀ နီးပါး MOU စာချုပ် ချိုးဖောက်ခံရ

CoverLogo
421 Views

မြန်မာ အလုပ်သမား ၃၀၀ နီးပါး MOU စာချုပ် ချိုးဖောက်ခံရပြီး အလုပ်အကိုင်အတွက် အခက်အခဲတွေ့ရတယ်လို့ အလုပ်သမား တဦးက Myanmar Labour News ကို ပြောပါတယ်။ မြန်မာနိုင်ငံက ZIN TUN WIN 999 CO.,LTD ကုမ္ပဏီမှာ MOU စာချုပ် ချုပ်ဆိုပြီး မြန်မာအလုပ်သမား ၂၇၃ ဦးက ထိုင်းနိုင်ငံကို ရောက်ရှိလာတာလို့ သိရပါတယ်။  

“၉ လပိုင်း(စက်တင်ဘာ) ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊လယောင်မြို့ကို ရောက်တယ်။ စာချုပ်ချုပ်ဆိုထားတဲ့ ထိုင်းကုမ္ပဏီက ဒေဝါလီခံသွားလို့ အေဂျင်စီဘက်က ပြောလာတယ်။ ၁၇ ရက်နေ့ရောက်တော့  စီရတ်ချာမြို့ကို ခေါ်သွားတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စီရက်ချာမြို့မှာတော့ MOU စာချုပ်ပါ လုပ်ငန်းတွေမလုပ်ရဘဲ ဆောက်လုပ်ရေး  လုပ်ငန်းတွေမှာ လုပ်ကိုင်ရ မယ်လို့ အေဂျင်စီဘက်က ပြောဆိုခဲ့တယ်လို့ အလုပ်သမားတချို့ အေဂျင်စီခေါ်နဲ့အတူ လိုက်သွားရတယ်လို့ သိရပါတယ်။ 

“ မြန်မာနိုင်ငံမှာ MOU ချုပ်တော့၊ ရေလိုင်း၊မီးလိုင်းလုပ်ရမယ်ဆိုပြီး ချုပ်လာတာ။ ဒီရောက်တော့ ဆောက်လုပ်ရေး ဆိုပြီး ပြောတယ်။ အများစုကတော့ စာချုပ်က သတ်မှတ်ထားတဲ့ လုပ်ငန်းပဲ လုပ်မယ်ဆိုပြီး ပြောထားတယ်။ အေဂျင်စီက  ဆောက်လုပ်ရေး အလုပ် လုပ်မဲ့သူ  တချို့ကို ခေါ်ဆောင်တယ်။ တချို့လည်း ခေါ်သွားတဲ့ နေရာမှာ မနေရဲလို့ ပြန်လာတယ်။ ခေါ်သွားတဲ့  တောထဲမှာ အယောက် ၄၀ လောက် ကျန်ခဲ့သေးတယ်။” လို့ အလုပ်သမား တဦးက ပြောပါတယ်။ 

လက်ရှိ MOU လုပ်သား ၂၃၃ ဦး စီရတ်ချာမြို့က PENRUND CONDO VIEW အောက်ဆုံးအထပ်မှာနေထိုင်နေပြီး စာချုပ်ပါ အလုပ်အကိုင်အတိုင်း လုပ်ကိုင်ရဖို့ မြန်မာအလုပ်သမား မဟာမိတ်အဖွဲ့ WAG  ဆီ အကူအညီ  တောင်းခံထားတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

Photo -WAG 

 #MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026