NEWS

မဲဆောက်တွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၄၂​ဦး နစ်နာကြေး ဘတ် ၃သန်းခန့်ရရှိ

CoverLogo
38 Views
 
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက် ရှိ အလုပ်ရုံ တစ်ရုံမှ အကြောင်းမဲ့ အလုပ် ဖြုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၄၂ဦး ဟာ နစ်နာကြေး ဘတ်၃သန်း ခန့်ရရှိတယ်လို့ ၎င်းအမှု ကို ကူညီပေးခဲ့တဲ့ MHACမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
၎င်း အလုပ်ရုံ က အလုပ်ရှင်ဟာ မြန်မာအလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်လိုက်တဲ့အပြင် မည့်သည့်အလုပ်သမားအခွင့်အရေးမှ မပေးဘဲ ငြင်းဆန်ခဲ့ပြီး အလုပ်သမားတွေ အပေါ် အကြပ်ကိုင်ဖိအားပေးမှုများပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
အခုလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် အေအေစီရဲမင်း ဦးဆောင်တဲ့ MHAC မဟာမိတ်အဖွဲ့ထံ နစ်နာသူ အလုပ်သမားတွေက အကူညီတောင်းခံလာသဖြင့် နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန ကို တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလို တိုင်ကြားခဲ့တာကြောင့် နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန မှ သက်ဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူတွေ နဲ့ ပူးပေါင်း ပြီး နစ်နာသူ မြန်မာအလုပ်သမားတွေ အတွက် ထိုင်းဘတ်ငွေ ၂သန်း၈သိန်း၉သောင်း နစ်နာကြေး ရရှိခဲ့တယ်လို့ သိရပါတယ်။
 
နစ်နာသူ အလုပ်သမားတွေကို ကူညီရာမှာ မဲဆောက်မြို့ဟာ မြန်မာနိုင်ငံနယ်စပ်ဒေသ ဖြစ်တာကြောင့် အလုပ်သမားအရေးကိစ္စ တွေ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများ၊ အခက်အခဲများစွာ ရှိပြီး ၎င်းအခက်အခဲများကြားမှ မြန်မာ လုပ်သားတွေအတွက် ကူညီ ပေးခဲ့ ခြင်း ဖြစ်တယ်လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မဲဆောက်သို့ တိမ်းရှောင်ရောက်နေသော မြန်မာလူငယ်များကို တောင်ကိုရီးယားတွင် အလုပ်အကိုင်ရရှိရေးဆွေးနွေး
Jan 17, 2026
Cover
အသက် ၃၅ နှစ်အောက် လူငယ်များအား နိုင်ငံကူးလက်မှတ် PJ မှ PV ပြောင်းလဲမှု ရပ်ဆိုင်းထားဟုဆို
Jan 17, 2026
Cover
PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လာသည့် လုပ်သားများ ဆိုက်ရောက် ကောင်တာ တွင်သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့်ရမည်ဟုဆို
Jan 16, 2026
Cover
၂ ရက်အတွင်း ထိုင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် အဖမ်းခံရ
Jan 16, 2026
Cover
ခွင့်ပြန်နှင့် ကျွမ်းကျင် လုပ်သားများ OWIC ကတ် လျှောက်ထား လျှင် အလုပ်ရှင် ၏ ဖုန်းနံပတ်နှင့်အီးမေးလိပ်စာပါ ထည့်ပေးရမည်ဟု ထပ်မံကြေညာ
Jan 15, 2026
Cover
ထိုင်းတွင် စက်ရုံဝန်ထမ်းကြိုပို့ ဘတ်စ်ကား တိမ်းမှောက်သဖြင့် မြန်မာလုပ်သား၄၀ကျော် ဒဏ်ရာရ
Jan 15, 2026
Cover
ထိုင်းအစိုးရက တရားမဝင်နိုင်ငံခြားသားလုပ်သားများစစ်ဆေးမှု အရှိန်မြှင့်တင်ရန် ညွှန်ကြား
Jan 15, 2026
Cover
ထိုင်းရောက် မြန်မာ များ အိမ်ရှင်လူမှုအသိုင်းအဝိုင်းနှင့် သဟဇာတ ဖြစ်အောင် နေထိုင်ကြရန် NUG သတိပေး
Jan 14, 2026