NEWS

မဲဆောက် ရှိ တရားမဝင်လုပ်သားတွေကို ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ဖို့ ထိုင်းအာဏာပိုင်တွေဆောင်ရွက်နေ

CoverLogo
371 Views
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်‌မြို့နယ်မှာ တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ကို စစ်ဆေး ဖမ်းဆီးတာတွေ ပြုလုပ်ဖို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။
 
ဇန်နဝါရီ လ ၂၂ရက် နံနက်ပိုင်းက တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီးက ရဲတပ်ဖွဲ့ဝင်တွေ ကို တာ့ခရိုင် မဲဆောက်မြို့နယ် အတွင်းရှိ ဟိုတယ် တွေ နိုင်ငံခြားသား နေထိုင်ခွင့်ပြုတဲ့ တည်းခိုခန်းတွေ ၊အိမ်ခန်းငှားပေးတဲ့နေရာစတာတွေ ကို စစ်ဆေးဖို့ ညွန်းကြားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို မဲဆောက်မြို့နယ် အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ ကို စစ်ဆေး ဖမ်းဆီး မယ့် အစီစဉ်ရှိနေတဲ့ အတွက် မဲဆောက်မြို့နယ် အတွင်းရှိ မြန်မာအလုပ်သမား တွေ အနေ နဲ့ သွားလာတာ သတိထားဖို့ အချင်းချင်း သတိပေးနေကြရတယ်လို့
သိရပါတယ်။
 
"မနေ့ညနေကတည်းက သတင်းက တက်လာတာ အထောက်အထား မပြည့်စုံတဲ့ သူတွေ အနေနဲ့ သတိထားနေရတာပေါ့ ဖမ်းမိရင် မြန်မာပြည်ပြန်ပို့မှာ ပြန်ပို့ လို့ ကိုယ့်နေရာဒေသ ကို ရောက်ရင်တော်သေးတယ် စစ်တပ်ထဲ အတင်းသွင်းခံရ မှာကို ပိုစိုးရိမ်တာ ဒီတော့ အဖမ်းမခံရအောင်ပဲ သတိနဲ့ နေရတာပေါ့ သူတို့ဝင်ရောက်စစ်ဆေးနိုင်မယ်ထင်တဲ့နေရာတွေ အခုရက်ထဲ မသွားဘဲ နေတာ ပိုကောင်းတယ် မဲဆောက်မှာကလည်း မြန်မာရွှေ့ပြောင်းလုပ်သားကပိုများတယ် အထောက်အထားမပြည့်စုံတာလည်းများတယ် အခုလို စစ်ဆေး ဖမ်းဆီးမယ်သတင်းတတ်လာတော့ စိုးရိမ်နေရတာပေါ့""လို့ မဲဆောက်ရှိ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
အခုလတ်တလော ထိုင်းမြန်မာနယ်စပ် မှာ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား တွေ အတော်များများ လူကုန်ကူးခံရပြီး နောက် နယ်စပ်ဂိတ်တွေ မှာ စစ်ဆေးမှု တွေ ပိုမို တင်းကြပ်လာသလို တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားတွေ ကို စစ်ဆေး ဖမ်းဆီး ဖို့ ကိုလည်း လုပ်ဆောင်လာတာ ဖြစ်တယ်လို့ မဲဆောက်မှာ နေထိုင်သူတွေကပြောပါတယ်။

Related posts

Cover
ကိုရီးယားရောက် မြန်မာလုပ်သား တစ်ဦး မိမိကိုယ်ကို အဆုံးစီရင် မှုဖြစ်ပွား
Dec 19, 2025
Cover
ထိုင်းနယ်စပ်တောတစ်ခုတွင် ပုန်းနေသည့် အထောက်အထားမဲ့ မြန်မာ ၄၃ဦး ဖမ်းဆီးခံရ
Dec 19, 2025
Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025