NEWS

မေလ ၁ ရက်မှစ၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်း

CoverLogo
1.2K Views

#breakingnews

အမျိုးသားများ ပြည်ပသို့ အလုပ်လုပ်သွားခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး ယာယီရပ်ဆိုင်းလိုက်ကြောင်း လိုင်စင်ရအေဂျင်စီတွေထံက သိရပါတယ်။

အစိုးရအေဂျင်စီက  EPS စနစ်နဲ့ စေလွှတ်တဲ့ ကိုရီးယားအလုပ်အကိုင် မှလွဲပြီး ကျန်နိုင်ငံ များ ကို တရား၀င်အလုပ်သွား လုပ်ခွင့်ကို ယာယီရပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ ၃၀ရက်က အလုပ်သမား၀န်ကြီး ကအေဂျင်စီ တွေနဲ့ အစည်းဝေး မှာကတည်းကပြောလိုက်တာ ကိုရီယားက G to G မို့ မပါဘူးပြောတယ် တခြား လိုင်စင်ရအေဂျင်စီတွေကနေ ပို့ပေးတဲ့  နိုင်ငံ အကုန် လုံးပါတယ် အမျိုးသား ဆို သွားလို့မရဘူး""လို့ အစည်းဝေးကိုတတ်ရောက်ခဲ့တဲ့အေဂျင်စီတစ်ခုမှတာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

သို့သော် သွားရောက်အလုပ်လုပ်ရန် ခွင့်ပြုချက်ကျထား ပြီးသူတွေကိုတော့ စေလွှတ်ပေး မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

""ကောလင်းချထားပြီးတဲ့ သူတွေ စေလွှတ်ခွင့်ရထားတဲ့သူတွေကတော့ထွက်လို့ရသေးတယ်၊ မေလ၁ရက် ကစပြီး demand ခေါ်စာအသစ်တွေတော့လုံး၀တင်မရတော့ဘူး""ဟု ယင်းကဆက်လက်ပြောပါတယ်။

ယခု ကဲ့သို့ အမျိုးသားများ ပြည်ပ ထွက်အလုပ် လုပ် ခွင့် ယာယီ ပိတ်လိုက် တဲ့ အတွက် ပြည်ပထွက် အလုပ် လုပ်ရန် ပြင်ဆင်နေကျသူများကြား တွင် စိုးရိမ်မှု​တွေ ဖြစ်​​ပေါ်​နေပါတယ်။ 
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာလိုသူအများအပြားရှိနေပြီး  စစ်ကောင်စီကလည်း စစ်မှုထမ်းအပတ်စဉ် ၂ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။

Photo - Facebook


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026