NEWS

မေလ အတွင်း ထိုင်းနိုင်ငံကို အထောက်အထားမဲ့ဝင်ရောက်သူ မြန်မာနိုင်ငံသား ၁၃၀၀ ကျော်နဲ့ ပွဲစား ၁၄ ဦးဖမ်းဆီးခံရ

CoverLogo
1.4K Views

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရရှိရန် အထောက်အထားမဲ့ဝင်ရောက်လာသူများများကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရာ ယခုလ ၁၅ ရက်ခန့်အတွင်း လူကုန်ကူး ပွဲစား ၁၄ ဦးနဲ့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော် ရှိတယ်လို့ သိရှိရပါတယ်။

အဆိုပါဖမ်းဆီးရမှုမှာ တာခ့်ပြည်နယ်၊ ပရာကျွတ်ခီရီပြည်နယ်၊ ချင်းရိုင်ပြည်နယ် နဲ့ အယုဒ္ဓယပြည်နယ် တို့မှာ ဖမ်းဆီးခံရသူများဖြစ်ပြီး အဖမ်းခံရသူများတွင် အသက်မပြည့်တဲ့ကလေးငယ်များလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်ခွင့်ရရန် မေလက စတင်ခွင့်ပြုခဲ့ပြီး ဖြစ်သော်လည်း
အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့ မြန်မာတွေဟာ နေ့စဉ် အစုလိုက်အပြုံလိုက် အထောက်အထားမဲ့အဖြစ်
ဝင်လာနေကြဆဲဖြစ်ကာ နေစဉ်နီးပါး အဖမ်းခံနေရတယ်လို့ ရွှေ့ပြောင်းအရေး ဆောင်ရွက်သူတွေက
ပြောပါတယ်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ နေစဉ်နီးပါး ဝင်ရောက်နေမှုကြောင့် ထိုင်းနိုင်ငံထဲမှ တရားမဝင် ဝင်ရောက်လာသူများကို ထိန်းသိမ်းထားသော ယာယီထိန်းသိမ်းစခန်း (၃)ခုတွင် လူဉီးရေ သုံးထောင်နီးပါးမျှ ထိန်းသိမ်းခံထားရပြီး ယာယီထိန်းသိမ်းရေးစခန်းများနဲ့ ၎င်းတို့ကို ထိန်းသိမ်းထားရန် နေရာအခက်အခဲပင် ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်သူများက ပြောပါတယ်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို MoU စနစ်နဲ့ မေလက (၉) ရက်နဲ့ (၁၁) ရက်တို့တွင်
အလုပ်သမား (၆၀၀) ခန့်ကို (၂) ကြိမ် နယ်စပ်ဂိတ်ပေါက်များမှ စတင်ပို့ဆောင်ခဲ့သော်လည်း လက်ရှိတွင်
ထပ်မပို့နိုင်သေးပါ။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MoU စနစ်နဲ့ အလုပ်သမားများ စေလွှတ်နိုင်ရေးအတွက် ခွင့်ပြုထားသော အေဂျင်စီများက ဌာနတွင် Demand Letter များ တင်ပြထားရာ ခွင့်ပြုချက်ကို စောင့်နေကြပြီး ထိုသို့ သွားရောက်လုပ်ကိုင်လိုသူ မြန်မာအလုပ်သမား သိန်းချီခန့် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ နဲ့ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ သန်းချီ ဆုံးရှုံးကာ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့များ ပိုမိုများပြားလာတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းများနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026