NEWS

မေလ ပထမပတ်အတွင်း ရွှေဈေး၊ ငွေဈေးနဲ့ အထွေထွေကုန်ဈေးနှုန်းများ

CoverLogo
365 Views

ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ ဇွန် ၃ ရက်ကနေ  ဇွန် ၉ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour Newsက  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇွန်၃ ရက်နေ့ရဲ့စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၆၅ ကျပ်၊ 
အောက်တိန်း ၉၅တစ်လီတာလျှင် ၂၆၆၅ကျပ်၊ 
ဒီဇယ်တစ်လီတာလျှင် ၂၃၃၀ ကျပ်နဲ့ 
ပရီမီယမ် တစ်လီတာလျှင် ၂၃၈၀ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းတွေအတိုင်း  ဇွန်၄ရက်၅ရက်၆ရက်နေ့အထိရှိနေခဲ့ပြီး ဇွန်၇ရက်ကနေဇွန်၉ရက်နေ့အထိ  ဈေးနှုန်းတွေကတော့ 
အောက်တိန်း၉၂တစ်လီတာလျှင် ၂၄၉၅ ကျပ်၊ 
အောက်တိန်း ၉၅တစ်လီတာလျှင် ၂၆၁၅ကျပ်၊ 
ဒီဇယ်တစ်လီတာလျှင် ၂၃၀၅ ကျပ်နဲ့ 
ပရီမီယမ် တစ်လီတာလျှင် ၂၃၅၀ကျပ်ဖြစ်တာကြောင့်  တစ်ပတ်တာအတွင်းစက်သုံးဆီဈေးအနည်းငယ်ကျဆင်းလာတာကို  ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇွန်၃ရက်နေ့ရဲ့ ကမ်ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၂၇ဒေါ်လာရှိပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၂သိန်းတစ်သောင်းသို့စတင်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၄ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၃၀ဒေါ်လာသို့ပြန်လည်ကျဆင်းလာခဲ့ပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၂သိန်းခြောက်သောင်းဖြစ်ပြီး ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ရမယ်လို့ ကြေညာခဲ့တာကြောင့်  ဇွန်၅ရက်နေ့ကစပြီး အသင်းရဲ့ထုတ်ပြန်သတ်မှတ်ဈေး ၄၇သိန်းကျော်သာ ဈေးသတ်မှတ်ခဲ့တာဖြစ်သလို  ရွှေဆိုင်များကလည်းအရောင်းအ၀ယ်မလုပ်ဘဲရှိနေပြီး ဇွန်၈ရက်နေ့မှာတော့  သတ်မှတ်ဈေးများအတိုင်း တစ်ပဲစီသာရောင်းချမှုတွေရှိလာခဲ့ပြီး အတုံးလိုက် ၀ယ်ယူပါက  ပြင်ပပေါက်ဈေး ၅၂သိန်းကျော်နဲ့သာ ဈေးဆက်လက်တည်ရှိနေခဲ့တာဖြစ်ပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇွန်၃ရက်နေ့ကနေ ဇွန်၉ရက်နေ့တွေမှာတော့  ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၃၀၀ကန ၄၃၂၀အထိရှိခဲ့တာဖြစ်ပြီး  ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေသလို ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၀၀ ကျော်နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့  ၃၉၀၀ အထိဖြတ်နေတာလို့လည်း သိရပါတယ်။ 

ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၁၂ ကနေ ၁၁၉ကျပ်အထိပေါက်ဈေးရှိပြီး အဆိုပါဈေးတန်းနဲ့ဇွန်၃ရက်ကနေ ဇွန်၉ရက်အထိ  ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုလဇွန်၃ရက်မှ ဇွန်၉ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၃၄၅ကျပ်သတ်မှတ်ထားတာဖြစ်လို့  ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းထက် ကျပ်၁၅၀၀ ၀န်းကျင်ဈေးမြင့်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ်တစ်သောင်းကနေ ၁၂၀၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင် ကျပ်၈၀၀၀ ကျော်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ဆန်တစ်ပြည် ခြောက်ထောင်၀န်းကျင်နဲ့ ခြောက်ထောင်အထက်၊  ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ်၅၀၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင်ကျပ်၂၀၀၀၀န်းကျင်အထိဖြစ်နေပြီး ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပြီး ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံးကျပ်သုံးထောင်ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ပဲသီးတစ်စီးလျှင်  ၇၀၀ကျပ်၊  ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၄၀၀၊ စူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၃၅၀ကျပ်နဲ့  ဘဲဥတစ်လုံး ၄၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခင်ကအနည်းဆုံး ၅၀၀ဖိုး၀ယ်ယူရနိုင်ပေမဲ့ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း ယခင်ကနဲ့မတူ အခြေခံကျတဲ့အလုပ်သမားတွေအတွက် ကျပ်၃၀၀၀ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့၀က်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်နှစ်သောင်းအထက်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ လူတစ်ယောက်ရဲ့ တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  ၂၀၁၈ခုနှစ်ရဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာလို့ အလုပ်သမားတွေ နဲ့ အလုပ်သမားအရေးလုပ်ဆောင်သူတွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၁၅-ဒီဇင်ဘာ၂၁)
Dec 22, 2025
Cover
ရွှေဈေး၊ စက်သုံးဆီဈေး ပြန်တက်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ ၁၉၊ ၂၀၂၅
Dec 20, 2025
Cover
တစ်ပတ်တာ အလုပ်သမားရေးရာသတင်းအကြောင်းအရာများ အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ ၈-ဒီဇင်ဘာ ၁၄)
Dec 14, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၇-နိုဝင်ဘာ၂၃)
Nov 30, 2025
Cover
ကုန်ဈေးနှုန်းမြင့်ကာ ထိုက်သင့်တဲ့ ၀င်​ငွေမရလို့ ပြည်သူတွေပိုကြပ်တည်းလာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 22, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၀-နိုဝင်ဘာ၁၆)
Nov 21, 2025
Cover
၀င်ငွေနည်း မိသားစုတွေ အခက်တွေ့ရတဲ့ ကုန်ဈေးနှုန်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Nov 15, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၃-နိုဝင်ဘာ၉)
Nov 10, 2025