NEWS

မေဒေးအလွန်မှာ စက်ရုံအချို့ လုပ်အားခတိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာ

CoverLogo
569 Views

ရန်ကုန်မြို့က  စက်ရုံလုပ်ငန်းရှင်အချို့ဟာ မေဒေးအလွန်ကစလို့  လုပ်သားလိုအပ်ချက်အရ အလုပ်သမားခေါ်ယူရာမှာ တစ်နေ့လုပ်အားခနှုန်းထားတွေတိုးမြှင့်ပေးပြီး အလုပ်သမားခေါ်ယူတာတွေရှိနေတယ်လို့  အလုပ်သမားတွေဆီက သိရပါတယ်။ 

"စက်ရုံအချို့ကတော့ ဒေးကြေး ၇၀၀၀ နဲ့ခေါ်နေတာတွေ ၆၅၀၀ နဲ့ခေါ်နေတာတွေတွေ့ရတယ်။ တခြားစက်ရုံတွေမှာ အခြားထောက်ပံ့ကြေး ၂၀၀၀၀ အပြင် မုန့်ဖိုး ၁၀၀၀၀ရယ် ရက်မှန်ကြေး ၂၀၀၀၀ကနေ ၃၀၀၀၀ဆိုပြီး တခြားတိုင်တွေမှာတိုးပေးထားတာတွေ့ရတယ်"လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ 

အဲ့ဒီလိုတိုးမြှင့်လာတာတွေဟာ မေ၁ ရက်နေ့ မေဒေးအလွန် အထည်ချုပ် စက်ရုံအချို့ကစတင်ပြုလုပ်လာကြတာဖြစ်ပြီး စက်ရုံအများစုကတော့ဒေးကြေးမတိုးဘဲ ထောက်ပံ့ကြေးထပ်တိုးခေါ်ယူမယ့ယ်လို့ ပြောဆိုလာကြတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့၂၀၁၈ခုနစ် ဒေါ်လာပေါက်စျေးဟာ ၁၂၀၀နဲ့ ၁၃၀၀ စျေးတန်းရှိခဲ့ပြီး အဲ့ဒီအချိန်က သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာဟာတရက်လုပ်ခ ၄,၈၀၀ ကျပ်ကို  လက်ရှိ၂၀၂၄ခုနစ် ဒေါ်လာပေါက်စျေး ၄၀၀၀ ဝန်းကျင်ထိမြင့်တက်နေချိန်အထိ ၆ နှစ်နီးပါးကြာတိုင်တိုင် ၄၈၀၀ နဲ့သာ အလုပ်ရှင်များကပေးချေလာခဲ့ကြတာဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ ကုန်စျေးနှူန်းတွေနဲ့ဒေါ်လာစျေးအရ အလုပ်သမားတစ်ယောက်ရဲ့တစ်နေ့လုပ်ခလစာဟာ ကျပ်တစ်သောင်းရသင့်တယ်လို့ပြောဆိုနေကြသလို အနည်းဆုံးအခကြေးငွေ နှုန်းထားကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးဖို့ အစဥ်တစိုက် တောင်းဆိုမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ 

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကလည်း မေ၁ရက်နေ့ကကျရောက်တဲ့  ၁၃၄ကြိမ်မြောက် မေဒေးနေ့မှာတရက်လုပ်ခ ကျပ် ၁၀,၀၀၀ တိုးမြှင့်ရရှိရေးကို  မေဒေးနေ့ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုထားတာလည်းတွေ့ရပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026