NEWS

မူဆယ်မှာ ယွမ်​ငွေအစား  ကျပ်ငွေနဲ့သာလုပ်ခရှင်း​ပေးလာလို့ အလုပ်သမား​တွေနစ်နာဆုံးရှုံး

CoverLogo
640 Views

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရှိတရုတ်လုပ်ငန်းရှင်တွေဟာ  အလုပ်သမားများအပေါ်လုပ်ခလစာရှင်းပေးရာမှာ  ယခင်တရုတ်ယွမ်ငွေအစား မြန်မာကျပ်ငွေနဲ့သာ  လုပ်ခလစာရှင်းတာတွေပြုလုပ်လာလို့ အလုပ်သမားတွေနစ်နာနေရတယ်လို့ သိရပါတယ်။ 


"ဟုတ်တယ်။ အရင်ကဆိုရင်သူတို့ပေးတာ ၁၅၀၀။ ၁၅၀၀ ဆိုရင်ငွေပေါက်ဈေးအရတွက်ပေးတာမျိုးလုပ်ရမှာ။ မဟုတ်ဘူးလစာပေးရင် ၈သိန်း ၉သိန်းဆိုပြီးပေးလာတယ်။ တစ်ကယ်ဆိုရင်ငွေပေါက်ဈေးအရ ၁၀သိန်း အထက်ရှိရမယ်။ အရင်ကတရုတ်ငွေဆိုရင် သိပ်ဟုတ်တယ်ထင်တာမဟုတ်ဘူး ခုကျတရုတ်ငွေဈေး ကမြင့်လာတယ်။ ကုန်သည်ရောလုပ်ငန်းရှင်ရောက ခုဆိုဒေါ်လာအခက်အခဲဖြစ်တော့ ဒေါ်လာထိုင်းဘတ်ငွေအစား တရုတ်ငွေကိုလည်းပြောင်းလဲအသုံးပြုလာတော့ တရုတ်ငွေဈေးကမြင့်လာတယ်။ မြန်မာကျပ်ငွေကကြာလေကျလေဆိုတော့ ကျပ်ငွေကိုထုတ်ရှင်းလာတယ်။ ပေါက်ဈေးအတိုင်းဆိုရင်တော်သေးတယ်"လို့ မူဆယ်ဒေသခံတစ်ဦးကဆိုပါတယ်။ 


လက်တစ်လောကာလတွေမှာ  မြန်မာကျပ်ငွေတန်ဖိုးကျနေပြီး နိုင်ငံခြားငွေဈေးတွေဆက်တိုက်မြင့်တက်လျှက်ရှိရာမှာ တရုတ်ငွေဈေးလည်းပါ၀င်လာခဲ့ပါတယ်။ 


ဩဂုတ် (၁)နေ့ရဲ့ တရုတ်ငွေ ယွမ် (၁၀၀) လျှင် မြန်မာကျပ်ငွေ( ၆၉,၅၀၀)ရှိနေရာမှ ဩဂုတ်(၂)ရက်က​နေ  သြဂုတ်၅ရက်နေ့အထိ အဆိုပါဈေးတန်းနဲ့ရှိနေခဲ့တာဖြစ်ပြီး သြဂုတ်၆ရက်နေ့မှာတော့ တရုတ်ငွေယွမ် (၁၀၀)လျှင် မြန်မာငွေ ၇၁၉၀၀ ကျပ် က​နေ  ၇၅၂၀၀ကျပ် အထိ သြဂုတ် ၇ရက်နေ့မှာ ယွမ် (၁၀၀)လျှင် ကျပ် (၇၂,၅၀၀)ကေန ၇၆၀၀၀ ကျပ် အထိဖြစ်လာတာဖြစ်ပါတယ်။

 
ပြီးခဲ့တဲ့ ဇူလိုင်လရဲ့ တရုတ်ငွေပေါက်ဈေးအရ  ယွမ် (၁၀၀)လျှင် ကျပ်ငွေ (၆၅,၀၀၀)သာရှိနေရာမှ ယခုအခါ ၇၂၀၀၀ က​နေ  ၇၆၀၀၀ အထိဖြစ်လာတာကြောင့်  နေ့စဉ် ကျပ်(၅၀၀)မှ (၁၀၀၀) အကြား မြင့်တက်လာကာ ကျပ်တစ်သောင်းကျော်ကွာဟလာတာဖြစ်တာကြောင့်  တရုတ်ငွေဟာ ငွေဈေးအပြောင်းအလဲများ အချိန်နှင့်အမျှထိုးတက်နေခြင်းဖြစ်ကြောင်းတွေ့ရသလို တရုတ်လုပ်ငန်းရှင်တွေကလည်း လုပ်ခလစာရှင်းရာမှာ မြန်မာကျပ်ငွေနဲ့ရှင်းပေးလာတာဖြစ်တာကြောင့် အလုပ်သမားတွေအနေနဲ့စ်နာမှုတွေရှိလာရတယ်လို့ သိရပါတယ်။ 


တရုတ်ငွေကို စီးပွားရေးလုပ်ငန်းရှင်တွေပြောင်းလဲအသုံးပြုလာတာဟာ ဒေါ်လာဈေးမြင့်တက်မှုနဲ့ ဒေါ်လာရှားပါးမှုကြောင့် တရုတ်ငွေကိုထည့်သွင်းအသုံးပြုလာတာလည်းဖြစ်သလို ယခုလဩဂုတ် ၁ရက်နေ့က  စစ်ကောင်စီရဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း လုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေထုတ်ရောင်းချရာမှာ အ​မေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေနဲ့ တရုတ်ငွေကိုပါထည့်သွင်းရောင်းပေးနေတာရှ်ိသလို  ယခုရက်ပိုင်းမှာလည်းထပ်မံရောင်းချပေးဖို့ ကြိုတင်ကြေငြာထားတာတွေ ရှိနေတာကြောင့် တရုတ်ငွေကို တွင်တွင်ကျယ်ကျယ်အသုံးများလာလို့ တရုတ်ငွေဈေးမြင့်လာကာ မြန်မာအလုပ်သမားတွေအပေါ် တရုတ်ငွေယွမ်အစား ကျပ်ငွေကိုသာရှင်းပေးတာတွေပြုလုပ်လာတာလို့ ရွှေလီမှာရှိတဲ့စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။  


လက်ရှိ မူဆယ်မြို့တွင် ယွမ်ဈေးနှုန်းများ တစ်ရိပ်ရိပ်မြင့်တက်နေပြီး၊ တစ်ဖက်တွင်လည်း ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနဲ့ တိုက်ပွဲပြင်းထန်မှုများကြောင့် အခြေခံစားသောက်ကုန်များနဲ့ လူသုံးကုန်ပစ္စည်းများဟာ  ယခင်ထက်နှစ်ဆမြင့်တက်လာနေသလို  မနောသုခဆန်တစ်အိတ်လျှင် ၂သိန်းခွဲခန့်အထိပေး၀ယ်နေရတယ်လို့လည်း သိရပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026