NEWS

မီးစက်နှိုးရ၍ အရှူံးပေါ်ဟုဆိုကာ မှော်ဘီ Textile Palace အထည်ချုပ်စက်ရုံဝန်ထမ်းများအား မတန်တဆခိုင်း

CoverLogo
4.7K Views

မီးစက်နှိုးပြီး လုပ်ငန်းလည် ပတ် ရတာကြောင့် အရှူံးပေါ်နေတယ်လို့ ပြောဆိုပြီး ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှု့ဇုန်မှာ တရုတ်-မြန်မာဖက်စပ် အတည်ချုပ်စက်ရုံ Textile Palace Co,.Ltd ဟာ ဝန်ထမ်း တွေကို အပ်ထည်အရေအတွက် (အာဝါတီး) တိုးတောင်းတာနဲ့ ထမင်းထွက်စားခွင့် မပေးတာတွေလုပ်ဆောင်ပြီး အဆမတန် ခိုင်းစေနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

"စက်ရုံမှာ သိပ်မကြာသေးခင်က စည်းကမ်းချက်ကျထားတယ်။ အလုပ်ချိန် မနက်ပိုင်း ၄နာရီမှာ  ၁၅မိနစ်ကို နားချိန်ပေးတယ်။  ညနေပိုင်းလည်း ဒီလို့ပဲ။ ဒါပေမယ့် အခုမဟုတ်တော့ဘူး  ၁၅ မိနစ်အနားအချိန်မပြောနဲ့ နေလယ် ထမင်းစားချိန်တောင် ထွက်မစားရပဲ အပ်ထည်အရေအတွက် (အာဝါတီ) ရဖို့ ထမင်းအငတ်ခံပြီး  လုပ်ပေးရတယ်။  အဲလို့ ထမင်း အငတ်ခံပီ ချုပ်ပေးနေရလဲ စူပါတွေက အကောင်း မပြော ကြပါဘူး" လို့  Textile Palace  စက်ရုံ အလုပ်သမားတဦးက ပြောဆိုပါတယ်။

Textile Palace  အထည်ချုပ်စက်ရုံက အပ်ထည်အရည်အတွက်ကို ပုံမှန် တစ်နာရီကို  ၈၀ ကနေ ၉၀ ကြား ချုပ်လုပ်ပေး ရပေမယ့် လက်ရှိမှာတော့ အထည် ၁၅၀ ကနေ ၁၈၀ ကြားတိုးတောင်းနေတာလို့ အတည်ချုပ် အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေဘက်ကလည်း အဲ့ဒီအတွက်တစ်နေ့ကို အချိန်ပိုအပါအဝင် အလုပ်ချိန် ၁၀ နာရီ အထိ ချုပ်လုပ်ပေးနေပေမယ့် အခုလို အာဝါတီ အဆမတန်တိုးတောင်းထားတာကြောင့် သတ်မှတ် စံချိန် မရရှိဘဲ အချိန်ပိုလုပ်ခ အိုတီကြေး ၁၂၀၀ အပါအဝင် လစာ ၂၃၀၀၀၀ ဝန်းကျင် သာ ရရှိတယ်လို့ အတည်ချုပ် အလုပ်သမားတွေက ပြောပါတယ်။

"လျှပ်စစ်မီးတွေ ခနခန ပျက်လို့ စက်ရုံမီးစက်နဲ့ လုပ်ငန်းလည်ပက်နိုင်လောက်လုပ်တယ်။ စက်သုံးဆီ စျေးနူန်း တွေလည်း မြင့်နေတော့ စက်ရုံက အသုံးစရိတ် ပိုထွက်နေတယ်ပေါ့ ။  အဲတာကြောင့် စက်ရုံ ဝန်းထမ်းတွေကို အာဝါတီတွေ တိုးတောင်းနေတဲ့၊  ဘာလို့လည်းဆိုတော့ အာဝါတီတွေ များများရမှ စက်ရုံရယ် အသုံးစရိတ်တွေ သက်သာပြီး အမြတ်တွေ ပိုရမှာပြောတယ်"လို့ Textile Palace Co.Ltd အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ဦး က ပြောပါတယ်။

စက်ရုံဟာအရင် က အထည်ချုပ်အဆင့်အလိုက် စံချိန်သတ်မှတ်ပြီး၊ စံချိန်ပြည့်မီသူတွေကို အဆင့်အလိုက် သတ်မှတ်ပြီး Grade ကြေး၊ အိုတီကြေးပေးပေမယ့် လက်ရှိ မှာတော့ အလုပ်သမားတွေ သတ်မှတ်ချက် ပြည့်မီ အောင် မချုပ်နိုင်တဲ့အထိ ခိုင်းစေနေတာကြောင့် အချိန်ပိုကြေး ၁၂၀၀ ကို မျှော်ပြီး လုပ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"အခုဖယ်ရီကိုလည်း အစီးရေလျော့လိုက်တော့ တစ်စီးကို လူဦးရေ ၁၂၀ လောက်စီးနေရတယ်။ ကျမတို့က လူတွေပါ ၊ငပိတွေမဟုတ်ပါဘူး" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိ Textile Palace Co.Ltd အထည်ချုပ်စက်ရုံမှာ လုပ်သား ၂၀၀၀ ကနေ ၂၅၀၀ ကြား လုပ်ကိုင်နေ ကြရတယ်လို့ သိရပါတယ်။

Textile Palace Co.Ltd အထည်ချုပ်စက်ရုံကနေ T Shirt ၊ အနွေးထည် ၊ ဘောင်းဘီအတိုအရှည် စတာတွေ ချုပ်လုပ်နေရပြီး H&M နဲ့  KIABI တို့အပြင်  အခြားအမှတ်တံဆိပ်တွေလည်း ချုပ်လုပ်ပြီး ဥရောပနဲ့ အာရှ စျေးကွက်တွေကို တင်ပို့ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026