NEWS

မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်

CoverLogo
508 Views
 
ရန်ကုန်၊ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ၊ စက်ရုံလမ်းက မီလာဂါးဒင်း ဖိနပ်ချုပ်စက်ရုံအလုပ်သမားတွေ လုပ်ခတိုးပေးဖို့တောင်းဆိုနေပါတယ်။ အဲ့ဒီစက်ရုံမှာ အလုပ်သမား ၃၀၀၀ ကျော်လုပ်ကိုင်နေတာပါ။
 
မနေ့ကတည်းက တောင်းဆိုနေတာလို့ အလုပ်သမားတွေကပြောပါတယ်။ တောင်းဆိုချက်ထဲမှာ ဒေးကြေး ၁၂၀၀၀ ကျပ်၊ အိုတီကြေး တနာရီ ၂၅၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀၀၀၀ ကျပ်နဲ့ နှစ်ကြေး ၅၀၀၀ ပေးဖို့ တောင်းဆိုနေတာပါ။
 
ယခင်သတ်မှတ်ပေးထားတဲ့ ဒေးကြေးက ၄၈၀၀ ကျပ်၊ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်နဲ့ အိုတီကြေး တစ်နာရီ ၁၇၀၀ ကျပ်သာရရှိတာကြောင့် စားဝတ်နေရေး လောက်ငှမှုမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။
 
"ညီမတို့ကတော့ခုလိုကုန်စျေးနှုန်းတွေ တက်တဲ့အချိန်မှာတော့ လုပ်ခလစာလေးတော့လိုချင်တာပေါ့ ခုကအထက်ဖားအောက်ဖိများနေတော့ဝန်ထမ်း တွေကဘာမှရပိုင်ခွင့်မရှိကြတာ ဖယ်ရီခ လည်း တလကို တသောင်းပေးရတယ်"လို့ အလုပ်သမားက Myanmar Labour News ကို ပြောပါတယ်။
 
တောင်းဆိုမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်တင်ပါက ၆၆ ဃ နဲ့တရားစွဲမယ်လို့ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်နဲ့ လူမှုဖူလုံရေးရုံးတွေကနေ လာရောက်ညှိနှိုင်းနေပေမယ့် ပြေလည်တာမရှိသေးဘူးလို့ ပြောပါတယ်။
 
"ခုကတော့အခြားစက်ရုံတွေလို ဒေးကြေးဆိုလဲ ရသင့်တာပေါ့ ခုကဘာမှမရဘူး ပေးလိုက်ရင်အနည်းဆုံးဆိုတော့ အဆင်မပြေကြဘူး ခုကဝန်ထမ်းတယောက်ကို ၄သိန်းကျော်လောက်ရတယ်အဲဒါက အစိုးရ ရုံးပိတ်ရက်တွေ အိုတီ ကိုမနားပဲဆင်းရမှ ရတာ အိုတီမရှိရင်မရဘူး လုပ်ခလစာထိုက်ထိုက်တန်တန်လေးနဲ့ မျှမျှတတလေးသူများတန်းတူရစေချင်ပါတယ် အားလုံးကိုလေ ဖယ်ရီကားခကအစ မပေးရဘဲနဲ့ ပေါ့ ပြီးတော့ဖယ်ရီကား ဆိုလဲလေ သူတို့သတ်မှတ်တဲ့ကားမစီးရင်လဲကားခေါင်းတွေ ကားသမားတွေကိုပြောတယ်အဲဒါလေးလဲအဆင်ပြေချင်တယ် လိုင်းတူရင်ဘယ်ကားစီးစီးရစေချင်တယ်ပေါ့ ဖယ်ရီစီးတဲ့သူ အကုန်လုံးပဲပေါ့ မြန်မာခေါင်းဆောင်တေ့ လဲ အားလုံးကို တန်းတူညီမျှအုပ်ချုပ်စေချင်ပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026