NEWS

မီလာဂါးဒင်းစက်ရုံမှ အလုပ်သမားများ ဥပဒေမဲ့ အလုပ်ထုတ်ပယ်ခံရမှု့များရှိနေ

CoverLogo
1.6K Views

မီလာဂါးဒင်းစက်ရုံမှအလုပ်သမားများအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့အပြင်တိုင်ကြားပါကအလုပ်ထုတ်ပယ်ခံရမှု့များရှိနေ

ဒီဇင်ဘာ၊၄ရက်

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်မီလာဂါးဒင်းဖိနပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု့တွေရှိနေတဲ့အပြင်အလုပ်သမားအခွင့်အရေး အတွက်တိုင်ကြားသူတွေကိုဖမ်းဆီးတာ အလုပ်ဖြုတ်ပစ်တာတွေပါရှိနေတယ်လို့စက်ရုံဝန်ထမ်းတွေက MLN ကိုပြောပါတယ်။

အဆိုပါစက်ရုံဟာတရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီး UK အပါအဝင်ဥရောပနိုင်ငံတွေကို Milo,Gosh,Hunter,Levin အစရှိတဲ့ဖိနပ်တံဆိပ် Brand တွေပေးပို့နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

"ခုကအလုပ်သမားတွေဆီကနေ တရက်တရက်ကိုပစ္စည်းတွေတိုးတောင်းလာတယ် ဒီနေ့ ၅၀ ဆိုနောက်နေ့ ၇၀ မပြီးရင်ထမင်းစားချိန်လဲမရဘူ းပြန်ချိန်လဲမရဘူးတိုးခိုင်းတာ"လို့စက်ရုံလုပ်သားတဦးကပြောပါတယ်။

ဒီလိုလုပ်အားအဓမ္မတိုးခိုင်းတာတွေရှိနေပေမယ့်အချိန်ပိုကြေးကို ၂ နာရီစာသာပေးတဲ့အပြင်တညလုံးဆင်းမှ၂ နာရီစာသာရနေတယ်လို့လဲအလုပ်သမားတွေကဆိုပါတယ်။

"အစိုးရရုံးပိတ်ရက်ဘာညာလဲခေါ်တယ် တောက်လျောက်မဆင်းတဲ့သူဆိုနောက်နေ့ ဖိအားပေးခံဝန်ထိုးခိုင်းတယ်အလုပ်ထုတ်တယ် မြို့နယ်အလုပ်သမားရေးသွားတိုင်တော့လဲတိုင်တဲ့သူကိုမသိမသာစုံစမ်းပြီး စက်ရုံထဲမှာအငြိုးနဲ့အပစ်ရှာပြီးမရမကအလုပ်ထုတ်တယ်ဆိုတော့အကုန်ခံနေရတယ်"လို့လုပ်သားတဦးကဆက်ပြောပါတယ်။

အဆိုပါမီလာဂါးဒင်းစက်ရုံတွင်းအခြေအနေတွေကိုစစ်အာဏာမသိမ်းခင်ကတည်းကတိုင်ကြားထားတာမျ်ုးရှိခဲ့တဲ့အပြင် ယခုလိုအလုပ်သမားရုံးတွေကမဖြေရှင်းပေးနိုင်တဲ့အခြေအနေတွေမှာလဲဆက်လက်တိုင်ကြားခဲ့ပေမယ့်အခြေအနေထူးတာမျိုးမရှိခဲ့ဖူးလို့လဲသိရပါတယ်။

"အချိန်ပိုကိုလိုသလောက်ခေါ်လုပ်ခြင်တိုင်းလုပ်နေတာအာဏာရှင်ဆန်ဆန်ပဲ ဘယ်မှလဲခုဟာကတိုင်လို့မရဘူးဖြစ်တာအလုပ်သမားဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာမြင်နေရဲ့သားနဲ့ဘာမှလုပ်မရဘူး"လို့အဆိုပါစက်ရုံမှဝန်ထမ်းတဦးက MLN ကိုပြောပြပါတယ်။

ထိုကဲ့သို့အလုပ်သမာအးခွင့်အရေးချိုးဖောက်မှု့တွေရှိနေပေမယ့် တိုင်ကြားခွင့်မရတဲ့ အပြင်တိုင်ကြားသူတွေကိုပါစက်ရုံဖက်ကဒုက္ခပေးနေတာတွေကြောင့် စက်ရုံအလုပ်သမားတွေအခက်တွေ့နေရတယ်လို့ဆိုပါတယ်။

မီလာဂါးဒင်းစက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမားဦးရေ ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။


Related posts

Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026
Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026