NEWS

မိုးသည်းထန်ပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် ရန်ကုန် ​ရွှေပြည်သာ ရှိ ​နေအိမ်နဲ့ အ​ဆောင်အချို့ ​ပျက်စီး

CoverLogo
536 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ​အမှတ် ၁၉ ရပ်ကွက်၊ ၂၄ ရက်ကွက် ​တွေမှာရှိတဲ့ နေအိမ်များ၊ အ​ဆောင်များ  အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားကြောင်း သိရပါတယ်။ 

ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။ 

"မနက်ကတည်းက ရေတွေတက်နေတာ။ တနေကုန်မကျဘူး။ တဖြေးဖြေး တိုးလာတယ်။ အိမ်ထဲထိဝင်နေပြီ။ မနက်ကတော့ ရာအိမ်မှူးက အိမ်အခြေအနေတွေ လိုက်ကြည့်တယ်။ ထမင်းထုပ်လိုလည်း စီစဉ်ရအောင်လို့ ပြောတယ်။ အခုညလည်း လှော်ကားကန်ရေလွှဲဖောက်ချမယ်အသံကြားရတော့ စိတ်ပူတယ်။ ရွှေပြည်သာ သံဒင်းဘက်မှာဆို ဒီနေ့တစ်နေကုန် မီးမလာဘူး။ မီးကြိုးတွေလည်းထိတယ် ကြားတယ်။
နောက်အိမ်တွေအမိုးလန်တာတွေလည်းရှိတယ်။သံဒင်း(၁၉)ဘက်ပေါ့။မနက်ကဆို မီးကမလာ စက်ရုံသွားမယ့်ကလေးတွေ တော်တော်ဒုက္ခရောက်တယ်။ ထမင်းချိုင့်အတွက်ထမင်းလိုက်ဝယ်တာ။ ဘယ်မှာမှဝယ်မရဘူး။မီးကလည်းမလာဘူး။ပြောရရင်ရေကတက်မီးကပျက်ဖြစ်နေတာ" လို့ ​​ရွှေပြည်သာ ဒေသခံတစ်ဦးက​ပြောပါတယ်။ 

မိုးသည်းထန်စွာ ရွာသွန်းမှု​ကြောင့် ​မြောက်ဒဂုံ၊ ​တောင်ဒဂုံ၊ အ​ရှေ့ဒဂုံ၊ လှိုင်သာယာ၊ ​​​ရွှေပြည်သာ နဲ့ အခြားမြို့နယ်​ တွေမှာလည်း ​ရေကြီးမှု​တွေဖြစ်​နေတယ်လို့ သိရပါတယ်။ 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ  ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းဆဲလ်မှာ  ပိုမိုအားကောင်းလာပြီး၊  လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်လာနိုင်တဲ့ အတွက် အောက်တိုဘာ၂၁ရက် ယနေ့ကစပြီး အောက်တိုဘာ ၂၄ ရက်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ မှာ မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိ​ပေးထားပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026