ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာ ကို မိသားစု ထံ လွှဲ ပို့တဲ့အခါ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ကို တရားဝင်လွှဲပို့စေရေး အတွက် တာဝန်ခံစေလွှတ်ခဲ့တဲ့ အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာသို့ သွားရောက်စည်းရုံးပြီး တရားဝင်လမ်းကြောင်းမှ ပို့ဆောင်စေရေးဆောင်ရွက်ကြရန်လိုတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဇူလိုင် ၇ ရက်က ရန်ကုန်မြို့ MELIA Yangon Hotel မှာ ကျင်းပခဲ့တဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းရဲ့ ၁၁ အကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး မှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လည်း အေဂျင်စီ တွေ အနေနဲ့ ပို့ဆောင်ပေးခဲ့တဲ့ ပြည်ပရောက် အလုပ်သမားတွေ ထံ မှ မိသားစုထံ လွှဲပို့ငွေ ၂၅ရာခိုင်နှုန်း ကို တရားဝင် ဘဏ်တွေကနေတစ်ဆင့် လွှဲပို့ထားကြောင်း အထောက်အထား တွေ ကို တင်ပြခိုင်းခဲ့တယ် လို့ သိရပါတယ်။
"အလုပ်သမားတွေက သူတို့လစာငွေ သူတို့ လွှဲ ချင်တဲ့ နေရာက လွှဲတာ ဒါကို သွားပြီးတော့ အေဂျင်စီ က ဘယ်ကလွှဲရမယ် ဘာညာသွားပြောလ်ို့ မရဘူး သူတို့လည်း လက်ခံချင်မှာ မဟုတ်ဘူးလေ အခုလည်း အေဂျင်စီ တွေ ကို ပြည်ပအထိ အလုပ်သမားတွေကိုတရားဝင်ငွေလွှဲတာ စည်းရုံးပေးဖို့ ပြောတယ် ပြည်ပသွားမယ့်စရိတ်က ဘယ်သူကပေးမှာလဲ ပြည်ပအထိ လိုက်ပြောလို့ကော အလုပ်သမား က လွှဲချင်မှ ဖြစ်တာ အခု ဆို အေဂျင်စီ တော်တော်များများ လည်း စိတ်ညစ်နေကြတတယ် ဌာနက သူတို့ ထုတ်ပြန်တဲ့ အတိုင်း မလုပ်ဘူးဆိုရင် လည်း လုပ်သားစေလွှတ်တာ ရပ်မယ် အရေးယူမယ်ဆိုတော့ ရှေ့ကို ဆက်လုပ်ဖို့စဉ်းစားနေကြပြီ"လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာလည်း ပြည်ပရောက်မြန်မာအလုပ်သမားတွေ အနေနဲ့ မိသားစုထံလွှဲငွေကို တရားဝင်ဘဏ်တွေကနေ လွှဲသူ အလွန်နည်းတယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ယခုနှစ် ဇွန်လ ၉ရက်အထိ စာရင်းတွေအရ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၅၆၅ခုရှိတယ်လို့သိရပါတယ်။
Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews
Gmail Link- myanmarlabournews@gmail.com
NEWS
မိသားစုထံ လွှဲပို့ငွေ ၂၅ရာခိုင်နှုန်းကို တရားဝင်လွှဲ ပို့စေရေး အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာ ကို သွားရောက်စည်းရုံးပေးဖို့အလုပ်သမားဝန်ကြီးပြောကြား

289 Views
Related posts

ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025

ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025

မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025

ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025

အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025

ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025

ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025
