NEWS

မိသားစုထံ လွှဲပို့ငွေ ၂၅ရာခိုင်နှုန်းကို တရားဝင်လွှဲ ပို့စေရေး အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာ ကို သွားရောက်စည်းရုံးပေးဖို့အလုပ်သမားဝန်ကြီးပြောကြား

CoverLogo
346 Views

ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာ ကို မိသားစု ထံ လွှဲ ပို့တဲ့အခါ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ကို တရားဝင်လွှဲပို့စေရေး အတွက် တာဝန်ခံစေလွှတ်ခဲ့တဲ့ အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာသို့ သွားရောက်စည်းရုံးပြီး တရားဝင်လမ်းကြောင်းမှ ပို့ဆောင်စေရေးဆောင်ရွက်ကြရန်လိုတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

ဇူလိုင် ၇ ရက်က ရန်ကုန်မြို့ MELIA Yangon Hotel မှာ ကျင်းပခဲ့တဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းရဲ့ ၁၁ အကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး မှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လည်း အေဂျင်စီ တွေ အနေနဲ့ ပို့ဆောင်ပေးခဲ့တဲ့ ပြည်ပရောက် အလုပ်သမားတွေ ထံ မှ မိသားစုထံ လွှဲပို့ငွေ ၂၅ရာခိုင်နှုန်း ကို တရားဝင် ဘဏ်တွေကနေတစ်ဆင့် လွှဲပို့ထားကြောင်း အထောက်အထား တွေ ကို တင်ပြခိုင်းခဲ့တယ် လို့ သိရပါတယ်။

"အလုပ်သမားတွေက သူတို့လစာငွေ သူတို့ လွှဲ ချင်တဲ့ နေရာက လွှဲတာ ဒါကို သွားပြီးတော့ အေဂျင်စီ က ဘယ်ကလွှဲရမယ် ဘာညာသွားပြောလ်ို့ မရဘူး သူတို့လည်း လက်ခံချင်မှာ မဟုတ်ဘူးလေ အခုလည်း အေဂျင်စီ တွေ ကို ပြည်ပအထိ အလုပ်သမားတွေကိုတရားဝင်ငွေလွှဲတာ စည်းရုံးပေးဖို့ ပြောတယ် ပြည်ပသွားမယ့်စရိတ်က ဘယ်သူကပေးမှာလဲ ပြည်ပအထိ လိုက်ပြောလို့ကော အလုပ်သမား က လွှဲချင်မှ ဖြစ်တာ အခု ဆို အေဂျင်စီ တော်တော်များများ လည်း စိတ်ညစ်နေကြတတယ် ဌာနက သူတို့ ထုတ်ပြန်တဲ့ အတိုင်း မလုပ်ဘူးဆိုရင် လည်း လုပ်သားစေလွှတ်တာ ရပ်မယ် အရေးယူမယ်ဆိုတော့ ရှေ့ကို ဆက်လုပ်ဖို့စဉ်းစားနေကြပြီ"လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာလည်း ပြည်ပရောက်မြန်မာအလုပ်သမားတွေ အနေနဲ့ မိသားစုထံလွှဲငွေကို တရားဝင်ဘဏ်တွေကနေ လွှဲသူ အလွန်နည်းတယ်လို့ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ယခုနှစ် ဇွန်လ ၉ရက်အထိ စာရင်းတွေအရ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၅၆၅ခုရှိတယ်လို့သိရပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews
Gmail Link- myanmarlabournews@gmail.com




Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026