NEWS

မသန့်ရှင်းသည့်ရေများကို အလုပ်သမားများ သောက်သုံးနေရ

CoverLogo
775 Views
 
ပြည်တွင်းက စက်ရုံတွေမှာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လုပ်ငန်းခွင် ဖြစ်ပေါ်လာ ရေးအတွက် ဝန်ကြီးဌာနက လုပ်ငန်းခွင်ရောက် အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
 
ဒီလိုအသိပညာပေးရာမှာ လုပ်ငန်းခွင် ပတ်ဝန်းကျင် အလင်းရောင်ပမာဏ၊ ဆူညံသံပမာဏ၊ လေဝင်လေထွက်နဲ့ စိုထိုင်းစပမာဏ၊ တုန်ခါမှု ပမာဏ၊ လေထုတွင်း အောက်ဆီဂျင်ပမာဏနဲ့ သောက်သုံးရေ အရည်အသွေးပမာဏကို ကွင်းဆင်းတိုင်းတာပြီး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောက်ရှိစေဖို့ ပြုပြင်ဆောင်ရွက် ဖို့ ညွှန်ကြားချက်နဲ့ အကြံပြုချက်တွေ ထုတ်ပေးနေတယ်လို့ ဆိုထားပါတယ်။
လက်တွေ့မှာတော့ ဒီသတ်မှတ်ချက် စံနှုန်းတွေကို လိုက်နာမှုက မရှိသလောက် ဖြစ်နေပါတယ်။
 
“စက်ရုံမှာက သောက်သုံးရေအတွက်တော့ သီးသန့်မရှိပါဘူး။ အိမ်သာနဲ့ လက်သန့်ရှင်းရေးမှာသုံးတဲ့ရေကိုပဲ အတူတူသုံးခိုင်းတာပါ”လို့ Real Star စက်ရုံက အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက စက်ရုံ၊ အလုပ်ဌာနတွေမှာအရည်အသွေးပြည့်မီတဲ့ သောက်သုံးရေသာ အသုံးပြုဖို့ ကြပ်မတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်နေပေမယ့် အလုပ်သမားတွေကတော့ သောက်ရေနဲ့ သုံးရေအတူတူ သတ်မှတ်ထားတဲ့ရေကိုသာ အများစုက သောက်နေရတာ ဖြစ်ပါတယ်။
 
လုပ်ငန်းခွင်တွင်းမှာ သောက်သုံးရေ မသန့်ရှင်းတာဟာ အများစုဖြစ်နေပြီး အလုပ်သမားတွေကလည်း ဒီအခက် အခဲကို ပြဿာနာလို့ မမြင်ကြပါဘူး။
 
ရေသန့်ဗူးတိုက်တဲ့ စက်ရုံတစ်ချို့မှာလည်း သောက်ရေနဲ့ အလုပ်သမား အရေအတွက် မမျှတတာတွေ ရှိနေပြိး သောက်သုံးရေပြတ်လပ်မှုဟာ မကြာခဏ ဖြစ်ပေါ်နေပါတယ်။
 
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက လုပ်ငန်းခွင်တွင်း အခြေခံကျတဲ့ အချက်တွေတောင် စနစ်တကျ လုပ်ဆောင်မှုမရှိတဲ့ စက်ရုံ၊ အလုပ်ဌာနတွေ ပိုများလာပေမယ့် ထိရောက်တဲ့ ကြပ်မတ်မှုတွေ လုပ်ဆောင်တာ မရှိပါဘူး။
“သောက်ရေသန့်ဖို့တို့ လုံလောက်ဖို့တို့၊ လေဝင်လေထွက်ကောင်းဖို့၊ အိမ်သာတွေ အနံ့အသက်ကောင်းဖို့၊ သန့်ဖို့ ဆိုတာတွေက အခြေခံအချက်တွေပါပဲ။ အခုက ဒီအခြေခံအချက်တွေကိုတောင် မလိုက်နာတာတွေ များနေတာ။ ဝန်ကြီးဌာနက လာစစ်တဲ့အချိန်လေး သရုပ်ပြ လုပ်ပေးထားတာကိုပဲ မှတ်တမ်းယူထားတာ။ တကယ်လက်တွေ့ ကျကျ အခြေအနေမှန်ကိုကျ ဂရုမစိုက်ဘူး”လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ဟောင်းတစ်ဦးက ပြောပါတယ်။
 
Myanmar Labour News ကို လုပ်ငန်းခွင်တွင်းမှာ ဥပဒေပါ ရပိုင်ခွင့်တွေ ချိုးဖောက်ခံရလို့ ဆက်သွယ်လာတဲ့ အလုပ်သမားတွေရဲ့ ပြောစကားအရလည်း လုပ်ငန်းခွင်တွေမှာ သောက်သုံးရေ မသန့်ရှင်းတာ၊ ပြတ်လပ်တာ၊ မလုံလောက်တာတွေ ရှိနေတာကိုလည်း တွေ့ရှိရပါတယ်။
ဓါတ်ပုံ-အလည

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026