NEWS

မလေးရှားအလုပ်ခေါ်စာ အတွက် အေဂျင်စီတစ်ခုလျင် တစ်လကိုလုပ်သား၂၀ဦးသာခွင့်ပြု

CoverLogo
1.4K Views

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မလေးရှားအတွက် မြန်မာလုပ်သား ခေါ်စာတင်ပြမှု အတွက်  ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတစ်ခုလျင် တစ်လကို လုပ်သားဦးရေ ၂၀ အထိသာ တင်ပြခွင့်ပြုတယ်လို့ မတ်လ ၂၆ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

 

မြန်မာနိုင်ငံကနေ အလုပ်သမားစေလွှတ်နေတဲ့ နိုင်ငံအလိုက် အလုပ်ခေါ်စာ လူဦးရေကန့်သက်ချက်တွေကို နေ့စဉ် နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာနေတာမှာ  ထိုင်းနိုင်ငံအတွက် ၅၀ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅နဲ့ ကိုရီးယားနိုင်ငံအတွက် ၁၀ဦး စင်ကာပူ အတွက် လုပ်သား ၅ဦး နဲ့ ယခုတွင် မလေးရှားနိုင်ငံအတွက် လုပ်သား၂၀ဦးသာခွင့်ပြုတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

လက်တလောမှာလည်း မလေးရှားနိုင်ငံဘက်မှလုပ်ငန်းအများစု အတွက်  မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သားခေါ်ယူတာကိုရပ်တန့်ထားလျက်ရှိပါတယ်။

 

 "မလေးရှားကို လုပ်သား၂၀ပဲ ခွင့်ပြုတယ်။ မလေးရှားဘက်ကလည်း နိုင်ငံခြားသား လုပ်သားခေါ်ယူတာ ရပ်ထားတယ်။ အရှေ့မလေးရှား အတွက်ပဲ ခေါ်ခွင့်ပြုထားတော့  Demand letter တင်ပြဖို့အတွက် ပြင်ဆင်ဖို့ အချိန်တော့ရတာပေါ့။ ဒါပေမယ့် အသက်ကန့်သက်ချက်တွေနဲ့ အခုလို လူဦးရေကန့်သက်ချက်တွေနဲ့ ဆိုတော့ မလေးကိုလုပ်သား ပို့တဲ့ အေဂျင်စီတွေလည်းမလေး ဘက်က ပြန်ဖွင့်ရင်တောင်မလွယ်သေးဘူး” ဟုလိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

မလေးရှားနိုင်ငံအနေဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသား ခေါ်ယူမှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၁ရက် ကစပြီး ရပ်နားလိုက်တာဖြစ်ပြီး အရှေ့မလေးရှားအတွက်ကိုတော့ နိုင်ငံခြားသား လုပ်သားခေါ်ယူခွင့်ပေးထားတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာန ကြေညာချက်မှာတော့ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၃၀ ရက်မတိုင်မီက တင်ပြထားတဲ့ အလုပ်ခေါ်စာတွေမှာ လုပ်သားဦးရေ ၂၀ ထက်ပိုပါက ပြန်လည်ပြင်ဆင်ပြီး တင်ပြရမှာ ဖြစ်ကာ တစ်လကို တစ်ကြိမ်သာ ခွင့်ပြုမယ်လို့ ဆိုပါတယ်။

 

အလုပ်ခေါ်စာအသစ် တင်ပြမှု ကိုတော့ မေလ ၂ရက်က စပြီး လက်ခံဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026