NEWS

မလေးရှားသွားမည့် မြန်မာလုပ်သား၄၀ ကျော် ထိုင်းတွင် အဖမ်းခံရ

CoverLogo
256 Views
 
ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီခရိုင်ထဲ မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ချနဘူရီ ဒေသတွင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
ဇူလိုင် ၂၉ရက် က ထိုးဖားဖမ်းဒေသ မှာ နိုင်ငံခြားသား များ တရားမဝင် ဝင်ရောက်ကြောင်း ကြိုတင် သတင်းရရှိတဲ့ အတွက်သက်ဆိုင်ရာ နယ်မြေခံ အာဏာပိုင်တွေက ဂိတ်ချ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ထိုသို့ ဂိတ်ချ စစ်ဆေးနေစဉ် ကားနှစ်စီး မှာ လမ်းကြောင်းပြောင်းကာ မောင်းပြေးသွားတဲ့ အတွက် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
 
ကားနှစ်စီး ကို တွေ့ရှိချိန်မှာ ယာဉ်မောင်းသူတွေ ထွက်ပြေး သွားပြီး ကားပေါ်တွင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေး ၂ ဦး တွေ့ရှိရတယ်လို့ သိရပါတယ်။
 
အဆိုပါမြန်မာနိုင်ငံသား ၄၂ဦး တွင် ၉ဦးမှာ နေထိုင်ခွင့်စာရွက်အထောက်အထား ရှိသူတွေ ဖြစ်ပြီး ကျန်၃၃ဦးကတော့ နေထိုင်ခွင့်အထောက်အထားမတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့တယ်လို့သတင်းမှာဖေါ်ပြထားပါတယ်။
 
ကနဦး စစ်ဆေးမေးမြန်းမှုတွေအရ ၎င်းတို့ မှာ မလေးရှား တွင် အလုပ်လုပ်ဖို့အတွက် ပွဲစားတွေကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
 
ဖမ်းဆီးရမိသူအားလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်ခြင်းဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုဖို့ သောင်ဖာပွန်ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ထွက်ပြေးနေတဲ့ ယာဉ်မောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။
Ref-Kanchanaburi News

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025