NEWS

မလေးရှားသွားဖို့ ဘတ် ၅သောင်းကျော် ပေးခဲ့ရသည့် မြန်မာလုပ်သား ၂၀ ထိုင်းနိုင်ငံ အုန်းခြံထဲတွင် ပွဲစားလာမခေါ်လို့ အဖမ်းခံရ

CoverLogo
135 Views
 
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ပွဲစားခဘတ်၅သောင်းကျော်ပေးပြီး လာခဲ့ရတဲ့ မြန်မာလုပ်သား ၂၀ဦးဟာ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ကလောင်ဝမ်မြို့နယ် ထဲက အုန်းခြံတစ်ခုအတွင်း ပုန်းအောင်းနေစဉ် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။
 
၎င်းနေရာရှိ ဒေသခံ တွေက အုန်းခြံ အတွင်း သံသယဖြစ်ဖွယ် လူအုပ်စု တစ်စု တွေ့ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေထံ ဇန်နဝါရီ ၆ရက် နေ့မှာသတင်းပေး အကြောင်းကြားတာကြောင့် ထိုင်းစစ်တပ် နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကလောင်ဝမ် ဒေသက အုန်းခြံတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့ရာ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၀ ဦး ကို အထုပ်အပိုးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သားတွေဟာ ရန်ကုန်၊ပဲခူးနဲ့ မြ၀တီ မြို့ တို့ကနေ ကန်ချနပူရီခရိုင်၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ခိုးဝင်လာကြောင်း လမ်းခရီးတွင် ထိုင်းက ပွဲစား က ကုန်တင်ကားအလုံပိတ်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ခေါ်ယူလာပြီး ရာချ်ပူရီခရိုင် ဝမ်မနောင်းနယ်မြေကို ရောက်ခဲ့ရာ အဲ့ဒီနောက် ကလောင်ဝမ်မြို့နယ် အုန်းခြံ အတွင်း ပွဲစားက ထားခဲ့ပြီး ခေတ္တစောင့်ဆိုင်း ခိုင်းထားစဉ် အခုလို အဖမ်းခံရတာ ဖြစ်ကြောင်း သိရပါတယ်။
 
အခု လို လာရောက်ဖို့ အလုပ်သမားတစ်ဦးစီဟာ ပွဲစားခအဖြစ် ဘတ် ၅၁,၀၀၀ အထိ ပေးချေခဲ့ရကြောင်း လက်ရှိမှာတော့ အဖမ်းခံရသူအားလုံးကို အထောက်အထားမရှိဘဲ ခိုးဝင်မှုနဲ့ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေသလို၊ ပို့ဆောင်ပေးတဲ့ ပွဲစားကွင်းဆက်တွေကိုလည်း အာဏာပိုင်တွေက ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းသတင်းအရ သိရပါတယ်။
 
Photo-ข่าวประจวบ

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026