NEWS

မလေးရှားသွား မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း အဖမ်းခံရမှု ဆက်တိုက်ဖြစ်ပေါ်နေ

CoverLogo
499 Views
 
ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံကိုသွားရောက်ကြတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ဖမ်းခံရမှု ဆက်တိုက် ဖြစ်ပေါ်နေတာကို ထိုင်းဒေသတွင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
 
ဇွန်လ ၉ရက် မှာ မလေးရှား ကို သွားရောက်မယ့် မြန်မာလုပ်သား တွေ တင်ဆောင်လာတဲ့ ယာဉ်တစ်စီး တိမ်းမှောက်တာကြောင့် မြန်မာလုပ်သား၇ဦး ထိခိုက်ဒဏ်ရာရပြီး တရားမဝင် ဝင်ရောက်ခဲ့လို အရေးယူခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောဆိုပါတယ်။
 
ဇွန်လ ၁၂ရက်မှာ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင် မှာ မလေးရှားသွားမယ့် မြန်မာလုပ်သား ၂၉ဦး အဖမ်းခံခဲ့ရသလို၊ဇွန်လ ၁၆ ရက်ကလည်း ကန်ချနဘူရီခရိုင် အတွင်းမှာကဒ မလေးရှားသွားမယ့် မြန်မာလုပ်သား ၂၄ဦး ထပ်မံ အဖမ်းခံရတယ်လို ထိုင်းသတင်းတွေ မှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ် ခေါ်ဆောင်ပေးသူကို ပွဲစားခဘတ် ၅၀၀၀၀ ကနေ ၇၀၀၀၀ ကျော်အထိ ပေးချေရတယ်လို ဖမ်းခံရတဲ့ မြန်မာလုပ်သားတွေက အာဏာပိုင်တွေကို ပြောကြားထားပါတယ်။
 
အဖမ်းခံရသူတွေက အမျိုးသား အများဆုံးဖြစ်ပြီး အသက် ၃၅နှစ်အောက် လူငယ်တွေ ဖြစ်တယ်လို သိရပါတယ်။ လက်ရှိ မလေးရှားနိုင်ငံက နိုင်ငံ အတွင်းက စက်ရုံအလုပ်ရုံတွေ အတွက် တရားဝင် နိုင်ငံခြားသား လုပ်သား ခေါ်ယူမှုကို ရပ်ဆိုင်း ထားပါတယ်။
 
"မလေးရှားက တရားဝင် လမ်းကြောင်း ပိတ်ထားတော့ အောက်လမ်းကနေ နည်းအမျိုးမျိုးနဲ့ လာနေကြတာပဲ ။ မလေးမှာကလည်း အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သား တွေ ကို ဖမ်းဆီးမှုက နေ့တိုင်း ရှိတယ် ။ အထောက်အထားမရှိရင် အလုပ်ရှာ ဖို မလွယ်ဘူး။ ဒီမှာ အရင် ရောက်နေတဲ့ အထောက်အထား မရှိတဲ့သူတွေ တောင် အဖမ်းဆီးကြောင့် အလုပ် ပုံမှန်မဆင်းရတာတွေ အလုပ်ပြုတ်တာတွေ နဲ့ အဆင်မပြေကျဘူး။"လို့ မလေးရှားရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေ အတွင်း အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေကို သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေ က ပြစ်ဒဏ်ချမှတ်ပြီး မြန်မာနိုင်ငံ စစ်ကောင်စီဆီကို ပြန်လည်လွှဲပြောင်းတာတွေ ပြုလုပ်တဲ့အတွက် ပြည်ပရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေ မှာ အဖမ်းခံ စိုးရိမ်ကြတယ်လို့ သိရပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026