NEWS

မလေးရှားသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ ဦး ထိုင်းမှာ အဖမ်းခံရ

CoverLogo
391 Views
 
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် သွားရောက်တဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၉၀ဦးကို ထိုင်းနိုင်ငံ ကချနဘူရီခရိုင်မှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
 
စက်တင်ဘာ ၃၀ ရက်မနက်၁နာရီခန့်မှာ ကချနဘူရီလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ မော်တော်ယာဉ်လေးစီးဖြင့်ရွှေ့ပြောင်းလုပ်သား များကို ခေါ်ဆောင်လာကြောင်း သတင်းရရှိတဲ့ အတွက် လမ်းတွင် ကြိုတင်စောင့်ဆိုင်းစစ်ဆေးရာ မသင်္ကာစရာ ယာဥ် ၄ စီး ကို စစ်ဆေးတွေ့ရှိသဖြင့် ရှေ့နောက်ပိတ်ဆို့ဖမ်းဆီးရန်ကြိုးပမ်းခဲ့ ပေမယ့် ယာဉ်တွေက အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
 
နောက်ဆုံးမှာ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတဲ့အတွက် ယာဉ်လေးစီးမှ ယာဉ်မောင်း၂ဦးနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၉၀ဦးကို ဖမ်းဆီးခဲ့ ပြီး ယာဉ်မောင်း၂ဦးကတော့ လွတ်မြောက်သွားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
မြန်မာအလုပ်သမား၉၀ဦးကို စကားပြန်ကတစ်ဆင့်မေးမြန်းရာမှာ မြန်မာနိုင်ငံရှိ ဒေသအစုံမှ လာရောက်ခဲ့ကျပြီး စွန်ခလာဘူရီခရိုင် သဘာ၀လမ်းကြောင်းကတစ်ဆင့်ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကာ ရေလမ်းကြောင်းကိုလှေဖြင့် လာခဲ့ပြီးနောက် ယခုကားဖြင့် စီးနင်းခဲ့တာဖြစ်တယ်လိူ့ဆိုပါတယ်။
 
၎င်းတို့ဟာ ချောင်ဘူရီခရိုင် မှာ အလုပ်လုပ်ရန် ရည်ရွယ်ထားပေမယ့် အများစုမှာ ထိုင်းတောင်ပိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံ သို့ သွားရောက်ဖို့ ရည်ရွယ်ထားကာ ပွဲစားခအဖြစ် ခရီးအကွာအဝေးအလိုက်တစ်ဦးကို ဘတ် ၃၀၀၀၀ မှ၆၀၀၀၀ ပေးရတယ်လို့
 
သတင်းမှာဖေါ်ပြထားပါတယ်။ ဖမ်းမိခံရတဲ့ မြန်မာလုပ်သား ၉၀ဦး ကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုကာအရေးယူသွားမယ်လို့ သိရပါတယ်။
 
ယခုစက်တင်ဘာ လအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေ ၁၀၀၀ ခန့် ရှိပြီဖြစ်တယ်လို့ ဖမ်းဆီးသတင်းတွေအရ သိရပါတယ်။
Ref-โจโฉ

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026