NEWS

မလေးရှားရောက် အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သားတွေ မိခင်နိုင်ငံပြန်ဖို့ လုပ်ဆောင်ပေးမည်

CoverLogo
454 Views
 
မလေးရှားနိုင်ငံ အတွင်းက အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေ မိခင် နိုင်ငံ သို့ တရားဝင်ပြန် နိုင်မယ့် အစီစဉ်ကို မေလ ၁၉ ရက် မှ စတင်မယ်လို့ မလေးရှားအစိုးရက ကြေညာလိုက်ပါတယ်။
 
မလေးရှားအစိုးရ ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail က ၎င်း အစီစဉ်ကို မေလ ၁၉ရက် က စပြီး လာမယ့် ၂၀၂၆ခုနှစ် ဧပြီ ၃၀ ရက်အထိ မလေးရှားတနိုင်ငံလုံး အတိုင်းအတာ ဖြင့် စတင်မယ်လို့ မေလ၁၆ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့ပါတယ်။
 
ယခုပြုလုပ်တဲ့ အစီစဉ်ဖြစ်တဲ့ PRM 2.0 ဟာ အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေ မိမိဆန္ဒ အလျှောက် ပြစ်ဒဏ် ကျခံစရာမလိုဘဲ မိမိတို့ နိုင်ငံအသီးသီး ကို ပြန်နိုင်ဖို့ ပြုလုပ်တဲ့ အစီစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေ အနေနဲ့ ပြန်မယ်ဆိုပါက မလေးရှားနိုင်ငံ ကို အထောက်အထားမဲ့ ဝင်ရောက်မှု သို့မဟုတ် နေထိုင်မှုအတွက် ဒဏ်ငွေ ရင်းဂစ် ၅၀၀နဲ့နယ်စပ်ဖြတ်ကျော် စည်းမျဉ်းချိုးဖောက်မှု အတွက် ရင်းဂစ် ၃၀၀ နဲ့ အထူးထွက်ခွာခွင့် Special pass ရရှိရန်လျှောက်လွှာ အတွက် ရင်းဂစ် ၂၀ ဒဏ်ငွေ ပေးဆောင်ရမယ်လို့ ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။
 
""မြန်မာလိုဆိုရင်တော့ CI လျှောက်ပြီး ပြန်တာ ကို ဆိုလိုတာ ဒဏ်ကြေးကတော့သူတို့ ပြောတာက စုစုပေါင်းရင်းဂစ် ၈၂၀ ပေါ့ ဒါပေမယ့် ဘယ်လောက်ကုန်မလဲ ဆိုတာ ကတော့ တကယ်ပြန်တဲ့သူတွေရှိမှ သိရမှာ ပဲ လက်ရှိအခြေ အနေကတော့ အထောက် အထားမဲ့ မြန်မာ လုပ်သားတွေ ပြန်မယ့်သူနည်း နိုင်မယ် ကိုယ့်ပြည်တွင်းရေးက မကောင်း စစ်မှုထမ်းဥပဒေနဲ့ ဆိုတော့ အခုနှစ်ထဲတော့ မပြန်တဲ့သူများလိမ့်မယ်နိုင်ငံရေး အခြေအနေ ကောင်းသွားရင်တော့ ပြန်ကြမှာပါ ""လို့ မလေးရှားရှိ မြန်မာလုပ်သားတွေ ကို ကူညီပေးနေတဲ့ပရဟိတအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း လ၀က မှ ဖမ်းဝရမ်းထုတ်ထားသူတွေ အာဏာပိုင်တွေရဲ့ Black List စာရင်းသွင်းခံထားရသူတွေ ကတော့ ယခု အစီစဉ် မှာ အကျူံးမဝင်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ မလေးရှား နိုင်ငံ ကို တရားမဝင် လမ်းကြောင်းတွေ ကနေ ဝင်ရောက် ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အများပြားရှိနေသလို မလေးရှား အစိုးရရဲ့ အထောက်မဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို စီမံချက်နဲ့ ဖမ်းဆီး မှု တွေ မှာလည်း အဖမ်းခံရပြီး မြန်မာနိုင်ငံ ကို ပြန်ပို့ခံရသူတွေ လည်း အများပြားရှိနေပါတယ်။
 
မလေးရှား အစိုးရ အနေနဲ့ လည်း တရားဝင် နိုင်ငံခြားသား လုပ်သားခေါ်ယူတာ ကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် မေလကုန်က စပြီး ယာယီ ပိတ်ခဲ့တာမှာ လက်ရှိအချိန်ထိ ပြန်လည် ခေါ်ယူတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026