NEWS

မ​လေးရှားမှာ အထောက်အထားမပြည့်စုံတဲ့  မြန်မာအလုပ်သမား ၁၂ဦး အဖမ်းခံရ

CoverLogo
767 Views

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ရှားလန်း စက်ရှင် ၃၂ Jalan Kebun (ဂျလန် ကဘွန် )ရှိ စက်ရုံ ၂ မှ အထောက်အထားမပြည့်စုံသော မြန်မာအလုပ်သမား ၁၂ဦး အဖမ်းခံရကြောင်း မလေးရှားသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

စက်တင်ဘာ၂ရက် နေ့လည်ပိုင်း က ဆလန်ဂေါပြည်နယ် ရှားလန်း စက်ရှင် ၃၂  ရှိ ကုန်စည်ထုပ်ပိုးတဲ့  ဂိုဒေါင်နှင့် သံထည်စက်ရုံ  တို့ ကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

၎င်းစက်ရုံ နှစ်ခု ရှိ  နိုင်ငံခြားသား စုစုပေါင်း ၇၄ ဦးကို စစ်ဆေးခဲ့ရာ အထောက်အထားမပြည့်စုံသူ ၃၇ ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။ 

အထောက်အထားမပြည့်စုံတဲ့ အတွက် ဖမ်းဆီးခံရသူ ၃၇ ဦး တွင်မြန်မာ အလုပ်သမား အမျိုးသား၇ဦးနဲ့အမျိုးသမီး ၅ ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။ 

""ပြီးခဲ့ ၈လ ပိုင်း ကတည်းက အော်ပရာစီ ဖမ်းတာ ပိုပြီး များလာတယ် ဈေးတွေ လူစည်ကားတဲ့နေရာ တွေ နဲ့ နိုင်ငံခြားသား လုပ်သား အများဆုံးရှိတဲ့ နေရာ တွေကို အဓိကထား စစ်ဆေးတယ် အများစုက တော့ ပတ်ဝန်းကျင်က တိုင်တာ သူတို့နိုင်ငံသားတွေတိုင်လို့ လူနေတိုက်ခန်းတွေ စက်ရုံတွေ ဝင်စစ်တာများတယ် မလေးရှား မှာက အထောက်အထား မရှိတဲ့ မြန်မာအလုပ်သမားတွေက များတယ် အဲ့တော့ အော်ပရာစီဝင်မယ် စစ်ဆေးနေတာ တွေ့တာ ကြားတာနဲ့ မြန်မာအချင်းချင်း သတိပေး ရတာပေါ့ လူမှုရေးအဖွဲ့စည်းတွေကလည်း တိုက်ခန်းတွေ မှာနေတယ်ဆိုရင် ဆူဆူညံညံမလုပ်ဖို့ သူတို့နိုင်ငံသားတွေ အနှောက်ယှက်ဖြစ်အောင်မနေဖို့ အသိပေးတာ တွေ ရှိတယ် ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ ဒီမှာ အဆင်ပြေသလို အလုပ်လာလုပ်ရတာ အခုလို အဖမ်းခံရပြီ ဆိုရင် ရည်မှန်းချက်တွေ နောက်ကမိသားစုတွေ ဘဝ တွေအကုန်အခက်ခဲဖြစ်ကုန်မှာ အဲ့တော့ သတိကြီးကြီးထားပြီးနေရတာပဲ အဖမ်းခံရတော့လည်းကံတရားပေါ့""လို့ မလေးရောက် မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

လက်တလောမှာ မလေးရှားနိုင်ငံ အနေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို  တရားဝင် ခေါ်ယူတာနဲ့ ပြည်တွင်းဝင်ရောက် တာကို ယာယီ ပိတ်ထားတဲ့ အတွက် မလေးရှား နိုင်ငံမှာ သွားရောက် အလုပ်လုပ်လိုတဲ့ မြန်မာအလုပ်သမားတွေဟာ တရားမဝင် အောက်လမ်းကတစ်ဆင့် ဝင်ရောက် အလုပ်လုပ်ကိုင်တာတွေ များနေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026